If you are looking for a local company with lots of knowledge about the best spots around Ha Giang this is the place to go! Me and my partner did a 3 day 2 night loop in July with easy riders Khan and Khai. They were funny, friendly and professional motor drivers. We felt safe during the whole journey. At nights the two brothers Khan and Khai would join us for a meal and it was awesome getting to know them better.
During the trip we got to swim in waterfalls, see terraced rice fields from above and visit a local ethnic minority village where women produced linen products among many other stops along the way. Every stop we made felt well thought out. Also- we were a bit worried about the weather since July is monsoon but we had only sunshine all days!!!
Our group was only the two of us which was very luxurious. We stopped at places where there were barely any other tourists at all. I am so so happy that I did not go with a big group, going with a small group was much more peaceful and harmonic. We still met other travellers along the route and from this trip we certainly have memories for life of both nature and connecting with new people. All of the home stays we slept at were cozy, clean and spacious. A big bonus was the cute pets at the homestays ;-)
I have nothing negative to say about this trip! Stop worrying and just BOOK you won’t regret...
Read moreကမ္ဘာ့အနှံ့က Backpacker တိုင်းရဲ့ အိပ်မက်ခရီးသွား နေရာတစ်ခုဖြစ်တဲ့ 𝗛𝗮 𝗚𝗶𝗮𝗻𝗴 𝗟𝗼𝗼𝗽 ⛰️🌨️🇻🇳
ဗီယက်နမ်ရဲ့ မြောက်ဘက်ပိုင်းစွန်းစွန်းက Ha Giang Loopဆိုတာ ကမ္ဘာကျော် ခရီးသွားYouTuber တွေ၊ Backpacker တွေ၊ Biker တွေ ကတောင် တစ်သက်မမေ့နိုင်လောက်တဲ့ အလှတရားများ တည်ရှိရာနေရာလို့ မှတ်ကျောက်တင်ခံရတဲ့အထိ နာမည်ကျော်တဲ့နေရာဖြစ်ပါတယ်။
Ha Giang Loop အကြောင်းမပြောခင် Ha Giang မြို့လေးအကြောင်းအရင် မိတ်ဆက်ပေးချင်ပါတယ်။ Ha Giang ဆိုတဲ့ မြို့လေးကတော့ ဗီယက်နမ်နိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံးမှာ တည်ရှိတဲ့ မြို့လေးဖြစ်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံ နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့လေးတစ်မြို့ပါ။
ဘယ်လောက်နီးသလဲဆိုရင် Ha Giang တောင်တန်းတွေပေါ်က လှမ်းကြည့်မယ်ဆိုရင် တရုတ်နယ်စပ်က ရွာလေးတွေကို အစီအရီ လှမ်းတွေ့နိုင်တဲ့အထိကို နီးတာပါ။
Ha Giang Loop Tour ဆိုတာကတော့ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံကြားက ရင်သပ်ရှုမောဖွယ် သဘာဝအတိုင်း အလှပဆုံးဖြစ်တည်နေတဲ့ တောင်တန်းဒေသတွေဆီကို Ha Giang မြို့ကနေတစ်ဆင့် ဆိုင်ကယ်နဲ့ ရက်ရှည်ခရီးထွက်ခြင်းကို ခေါ်တာပါ။
ဒီခရီးမှာ မြစ်ချောင်း၊ တောတောင် ၊ လျှိုမြောင်၊ စိမ့်စမ်း ၊ တောင်ပတ်လမ်း အသွယ်သွယ် ဖြတ်သန်း... တိုင်းရင်းသားရွာလေးတွေမှာ ဒေသစာတွေစား... ညအိပ်ဖို့အတွက် တောင်ပေါ်မြို့လေးတွေမှာ ခရီးတစ်ထောက်နားရင်း... တစ်ရက်ကို ရာနဲ့ချီပြီး လာလည်ကြတဲ့ ကမ္ဘာ့အနှံ့က ခရီးသွားတွေနဲ့အတူ စကားလက်ဆုံကျရင်း မိတ်ဆွေအသစ်တွေလည်း တိုးရတဲ့ ခရီးတစ်ခုလည်း ဖြစ်စေမှာပါ။
International လိုင်စင်ရှိတဲ့ Biker သမားတွေအတွက် ကိုယ်တိုင်မောင်းပြီး ခရီးနှင်လို့ ရသလို၊ ကျွန်တော်တို့လို အပင်ပန်းခံ ကိုယ်တိုင်မမောင်းနိုင်တဲ့သူတွေအတွက်ကတော့ တောင်တက်လမ်းတွေကို နေ့စဉ်မောင်းနေကျဖြစ်တဲ့ ကျွမ်းကျင်အဆင့် Local Easy Rider တွေရှိတာမို့ သူတို့နောက်ကနေ ရှုခင်းတွေကို အမိအရ ခံစားရင်း အရံသင့် တက်လိုက်သွားရုံပါပဲ။
ဒီခရီးမှာ မြင်တွေ့ရသမျှ ရှုခင်းတွေဟာ ဓာတ်ပုံ ၊ ဗီဒီယို တွေနဲ့တင် လုံးဝဖော်ပြလို့မရနိုင်တဲ့ Uncapturable 360° view တွေ ၊ Indescribable Panoramic scenery တွေဖြစ်တာကြောင့် တစ်လမ်းလုံး "လှလိုက်တာ၊ လှလိုက်တာ" ဆိုပြီး တဖွဖွ ရွတ်နေမိလောက်တဲ့အထိကို Breathtaking ဖြစ်ရတဲ့ နေရာပါ။
ကုန်ကျစရိတ်အနေနဲ့ကတော့ Tour Package အမျိုးမျိုးအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲလေးတွေရှိနိုင်ပေမဲ့ ပျှမ်းမျှအနေနဲ့ ဒေါ်လာ 150 ကနေ ဒေါ်လာ 200 ကျော်ဝန်းကျင်သာ အလွန်ဆုံး ကုန်ကျနိုင်ပါမယ်။ Bus tickets , Breakfast + Lunch + Dinner , Water , Hostel , Easy Rider အကုန် ပါပြီးသားပါ။
ကျွန်တော်ကတော့ Myat's Planet က ခရီးစဉ်အစအဆုံးစီစဉ်ပေးတဲ့ Tour Package ကိုဝယ်ပြီးသွားခဲ့တာမို့ စိတ်ဝင်စားလို့ သွားလည်ချင်ကြတဲ့သူတွေအတွက် အဲ့ Page မှာ သွားရောက်စုံစမ်းလို့ရပါတယ်။
"ငယ်တုန်း ရွယ်တုန်း၊ သန်တုန်း မြန်တုန်း အသက်အရွယ်လည်းဖြစ်တယ်၊ ဗီယက်နမ်ကို လာလည်ဖို့လည်း အစီအစဉ်ရှိတယ်ဆိုရင်" ၊ ဘဝရဲ့ ခရီးသွားမှတ်တိုင်တွေထဲက တစ်သက်မေ့မရမဲ့ ခရီးတစ်ခုဖြစ်စေမဲ့ Ha Giang Loop ကို တစ်ခေါက်လောက်တော့ ရောက်အောင်သွားကြည့်ပါလို့...
Read moreHad an amazing 4 day trip with Hoàn and Manh. They took me and my friend around the ha giang loop and made sure we were always okay, good rooms and good food. Making sure there were plenty of vegetarian options for me to eat. They took photos and showed us gorgeous photo spots that others didn't go. They took us around town at night and even a private karaoke session on the last night. Good drivers and even better singing voices after lots of 'Happy water'. Wonderful experience and highly recommend the tour and the drivers. Spoke English well and google translate for the parts when extra help was needed. Amazing and funny guys, thank you again Hoàn and Manh for the...
Read more