ကျိုင်းတုံမြို့သို့ အလည်ရောက်ရှိသူတိုင်း မဖြစ်မနေသွားရောက်လေ့လာသင့်သော နေရာတစ်ခုမှာ နောင်တုံကန်၏ တောင်ဘက်ရှိ စွမ်မွန်းတောင်ကုန်းခေါ် သစ်တစ်ပင်တောင်ဖြစ်ပါသည်။ ကျိုင်းတုံမြို့၏ အထိမ်းအမှတ်တစ်ခုဖြစ်ပါ သည်။ တောင်ကုန်းပေါ်တွင် သက္ကရာဇ် ၁၁၁၅ခုနှစ် (အလောင်းမင်းတရားလက်ထက် ၁၇၅၃ခုနှစ်) တွင် စိုက်ပျိုးခဲ့သော ကညင်ဖြူ သစ်ပင်ကြီး တစ်ပင်ရှိပြီး အဆိုပါ သစ်ပင်ကို အစွဲပြု၍ သစ်တစ်ပင်တောင်ဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုသစ်ပင်သည် မြေပြင်မှ ထိပ်ဖျားအထိ အမြင့်၂၁၈ပေ ရှိပြီး ရင်စို့လုံးပတ် ၃၆ပေ၈လက်မ၊ အောက်ခြေလုံးပတ် ၃၉ပေ၁၀လက်မ ရှိပါသည်။ အဆိုပါ ကညင်ဖြူပင်နှင့် ပတ်သက်၍ အေဒီ၁၇၅၃ ခုနှစ်တွင် ကျိုင်းတုံ၊ ကျိုင်းဟုန်၊ မိုင်းလျန် မှာအုပ်ချုပ်သည့် စော်ဘွားညီအစ်ကို၃ဦးသည် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီပြီး ငြိမ်းငြိမ်းချမ်းချမ်း အုပ်ချုပ်ကြရန် သစ္စာခံယူကြသည့် အထိမ်းအမှတ်အဖြစ် ကညင်ဖြူ(“မိုက်မတ်ယန်းလုံ”) ၃ပင်ကို တြိဂံပုံစံဖြင့် ထောင့်သဖွယ် ဝမ်ပန်၌ တစ်ပင်၊ မိုက်ဆရီတာတောင်တွင် တစ်ပင်၊ နှင့် ကျိုင်းတုံမြို့ စွမ်မွန်းကုန်းပေါ်တွင် တစ်ပင်၊ စုစုပေါင်း ၃ပင်(နေရာ အရှေ့၊ မြောက်၊ တောင်ထောင့်နေရာ၌) အသီးသီး စိုက်ပျိုးခဲ့ကြောင်း လိရှမ်းနှင့် ဂုံရှမ်း တဘောင်ကျမ်းတွင် တွေ့ရှိရပါသည်။ ကညင်ဖြူ ၃ပင်ကို နေရာ ၃နေရာတွင် စိုက်ခဲ့သည့်အထဲမှ ကျိုင်းတုံစော်ဘွားစဝ်ဆဲမ် (ခေါ်) စဝ်စိတ်ပန်း စိုက်ခဲ့သည့် စွမ်မွန်းကုန်းမှ အပင်တစ်ပင်သာ ထီးထီးမားမားကျန်ရှိနေပါသည်။ နှစ်ပေါင်း၂၆၀ ကျော်သည့်အတွက် ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်ပါသည်။ သစ်တစ်ပင်တောင်တွင် စေတီ၂ဆူရှိပါသည်။ တစ်ဘက်တွင် ကြိုးတံတားတစ်ခုရှိပါသည်။ တိမ်ကောနေသည့် ကျုံးနဲ့ မြို့ရိုးကိုလဲမြင်နိုင်ပါသည်။ စွမ်မွန်း (Som Moan) သစ်တစ်ပင်တောင်အနီးတွင် ငမ်ဖတံခါး (Ngam Fah...
Read moreIt is also a ancient zone. Many local people come visit and take a rest. In my opinion, this place need to clean and lots of rubbish are ugly. must value this...
Read moreสถานที่ที่ได้รับการปรับปรุงพัฒนาให้เป็นแหล่งท่องเที่ยวและสวนให้คนเชียงตุง และนักท่องเที่ยวมาเที่ยวชม จัดสวนและบริเวณใหม่ สะอาดตา เปลี่ยนแปลงไปจากเมื่อเกือบ7 ปี ที่ผ่านมา จุดขายคือ ต้นหมายเมือง (ต้นยางนา)...
Read more