ကြတ်ဂူ(သို့မဟုတ်)ရာစုကု ကြတ်ဂူသို့ ခရီးသွား ဧည့်သည်တွေ အသွားအလာများသဖြင့် သွားရောက်လေ့လာခဲ့ပါတယ် ဂူအတွင်း မီးကြိုးတွေအဆုံး ပေပေါင်း၁၈၀၀ထိပဲ သွားနိုင်ခဲ့ပါတယ် ပြန်အထွက်အလာမှာ ကြတ်ဂူတောရ ဆရာတော် ဥူးဝါယမနှင့် ကြုံကြိုက်ဖူးမြော်၍ ဆရာတော်ကို မေးလျှောက်သောအခါ ဆရာတော်မှ ကြတ်ဂူအကြောင်းရှင်းပြ၍ တရားရေအေး ချီးမြှင့်တော်မူပါတယ် ကြတ်ဂူဆိုသည်မှာ ဘုန်းဘုန်းတို့ ဘိုးဘေးတွေ လက်ထက်ကတည်းက ရှိခဲ့တယ်လို့ ဆိုပါတယ် ဂူအတွင်း တွေ့ရှိရသော အခေါင်းတလားများမှာလည်း လူ့အခေါင်းတွေသာ ဖြစ်ကြောင်းနဲ့ အများတွေ တောပြောတောင်ပြော ပြောသလို ကြတ်အခေါင်းတွေ မဟုတ်ကြောင်း မိန့်တော်မူပါတယ် ဂူရဲ့အဆုံးကတော့ အခုအချိန်ထိ ဘယ်သူမှ မရောက်သေးဘူးလို့ မိန့်ပါတယ် ဘုန်းဘုန်း ကြတ်ဂူမှာ တောရတစ်ပါးတည်း စောင့်တည်နေတာ ၇နှစ်တာ ကာလအတွင်း ဂူအဆုံး ရောက်ဖူးတဲ့သူ မရှိသေးဘူးလို့ မိန့်ပါတယ် နိုင်ငံခြားသား ခြောက်ယောက်အဖွဲ့လည်း ဂူအတွင်း လာလေ့လာတာ မနက် ၉နာရီက စဝင်တာ ညနေ၆နာရီမှ ထွက်လာပေမယ့်လညါး ဂူအဆုံးကို မတွေ့သေးဘူးလို့ မိန့်ပါတယ် ဘုန်းဘုန်းမှာ တရားရှာဖို့ တောရလေး စောင့်တည်နေပေမယ့်လည်း အခုတော့ လာရောက်တဲ့ သူတွေ များပြားတဲ့အတွက် ဘုန်းဘုန်းရဲ့ တရားထိုင်ရာနေရာလေး ဖြစ်သော ဂူအတွင်း ပေ၁၅၀၀ အဝေးရှိ သစ်သားတံခါးလေး နေရာမှ အခုဆို ဂူပေါက်ဝမှာပဲ တောရကျောင်းလေးနဲ့ပဲ နေရပါတော့တယ်လို့ မိန့်ပါတယ် ဂူအတွင်းမှာ အခေါင်းမှ သစ်သားအပိုင်းအစ အတိုအထွာလေးတွေလည်း တစ်ချို့လူတွေက ကောက်ယူသွားကြရာကနေ အိမ်မက်မကောင်း၍ တစ်ဖုံ နိမိတ်မကောငါးဟူ၍ တစ်ဖုံ ဘုန်းဘုန်းထံ ပြန်လာအပ်နှံကြကြောင်း သိရပါတယ် ဂူထဲ ဖိနပ် မစီးခိုင်းရခြင်း အကြောင်းကတော့ ဘုန်းဘုန်းကလည်း ကယားလူမျိုးဖြစ်သည့်အလျောက် ကယားလူမျိုးများဟာ ဂူတွေသွားရင် ရိုသေသမှု ဖိနပ်ချွတ်ကြကြောင်း၊ယခု ကြတ်ဂူဆိုသည်မှာလည်း ကယားလို "ရာစုကု" ဟု ခေါ်ကြောင်း၊ရှေးခေတ်က ကယားလူမျိုးတွေဟာ ဂူအတွင်းမှ လင်းနို့ချေးများကို ယမ်းမှုန့်လုပ်ရာတွင် အသုံးပြုကြကြောင်း ၊ထို့ကြောင့် "ရာစု" ဆိုသည်မှာ ကယားလို ယမ်းဟု အဓိပ္ပါယ်ရပြီး၊"ကု"ဆိုသည်မှာ ဂူဖြစ်ကြောင့် ကယားလို ယမ်းဂူဟု အနက်အဓိပ္ပါယ်ရကြောင်း...
Read moreI find it too interesting to my taste and it was really amazing inside there. If you ever wonder and decide to go there,I recommand specifically that you need to bring the powerful light on your own. I heard that the Japanese investigators go in there for about a day and they found out that the path is so long so theyended up coming back from there. If I could go back to there some time,I wanna go till the end of that cave. It is said that the end of this cave is at Thailand. It's just an old saying so I'm not so sure abt that but I really do wanna go...
Read moreThis cave is extremely interesting and Like an adventure.The transportation is also convenient.The first thing I would like to say is that when you first enter the cave, you will no longer have an internet connection.And the things you must bring before going to the cave are a touch lamp and something that emits light or a large candle because the inside of the cave is massive and so dark that you won't be able to see any object.The deeper you go into the cave, the more you will feel suffocated, so you should drink plenty of water beforehand to get...
Read more