ကျိုက်သလ္လံစေတီတော်၏ မွန်အမည်မှာ ကျာ်သေမ်လီု ဖြစ်သည်။ မြန်မာလို အသံထွက်မှာ ကျိုက်ဆီမ်းလန် ဟူ၍ ဖြစ်သည်။ ကျာ် ၏ အဓိပ္ပာယ်မှာ ဘုရား၊ သေမ် ၏ အဓိပ္ပာယ်မှာ ရှမ်း ၊ လီု ၏ အဓိပ္ပာယ်မှာ ပျက်ဆီးခြင်း၊ ထွက်ပြေးခြင်း ဖြစ်သည်။ မွန်လူမျိုးများသည် ထိုင်းလူမျိုးများကို ရှမ်းဟု ခေါ်ကြသည်။ သို့ဖြစ်သောကြောင့် ကျာ်သေမ်လီု ဆိုသည်မှာ ရှမ်းလူမျိုးများကို ထွက်ပြေးစေနိုင်သော၊ ပျက်ဆီးစေနိုင်သော ဘုရားဟု အဓိပ္ပာယ်ရသည်။
မြန်မာ့သမိုင်းတွင် ကံရာဇာကြီး၊ ကံရာဇာငယ် ညီနောင်နှစ်ပါးသည် ဘုရင်အဖြစ်ကို ရရှိရန်အတွက် စေတီတစ်ဆူကို အပြိုင်တည်ခဲ့ကြရသည်။ ကျိုက်သလ္လံ စေတီတော်သမိုင်းသည်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။
ရှေးယခင်က မွန် နှင့် ရှမ်းလူမျိုးများသည် မကြာခဏ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ မွန်များက ရှမ်းဒေသကို စစ်မက်ပြုလိုက်၊ ရှမ်းများက မွန်ဒေသကို စစ်မက်ပြုလိုက်နှင့် အချိန်ကာလများစွာ စစ်ပွဲများဖြစ်ပွားခဲ့ကြသည်။ ထိုဒေသနှစ်ခုလုံးသည်လည်း စစ်ပွဲများကြောင့် ပျက်ဆီးခဲ့ရသည်။ တနေ့တွင် ရှမ်းများသည် မွန်ဒေသကို စစ်မက်ပြုရန်အတွက် ချီတက်လာကြသည်။ မွန်ဘုရင်သည် ပညာရှိသုခမိန်အမတ်များကို ခေါ်၍ ရှမ်းများအား မည်ကဲ့သို့ ပြန်လည်တိုက်ခိုက်သင့်ပုံကို ဆွေးနွေးတိုင်ပင်သည်။ ထို့နောက် ရှမ်းဘုရင်ထံသို့ သံအဖွဲ့အား စေလွှတ်ပြီး စစ်မက်ပြုခြင်းဖြင့် ဒေသနှစ်ခုလုံး ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်၍ အကျိုးမရှိကြောင်း၊ ပညာရှိနည်းဖြင့်သာ ဆုံးဖြတ်သင့်ကြောင်း ပြောဆိုခဲ့သည်။ ထို ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ ရှုံးနိမ့်သူက အနိုင်ရရှိသူ၏ဒေသကို မည်သည့်အခါမှျ ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီမှုရရှိခဲ့သည်။ ထိုပညာရှိနည်းမှာ - တစ်နေ့တည်းနှင့် ဘုရားတစ်ဆူကို မွန်လူမျိုးနှင့် ရှမ်းလူမျိုးတို့ အပြိုင်တည်ရမည် ဖြစ်သည်။ အရင်ဆုံးပြီးအောင်တည်နိုင်သူသည် အနိုင်ရရှိမည် ဖြစ်သည်။ ဤသို့ဖြင့် ကုန်းမြင့်တစ်ခု(ယခု ကျိုက်သလ္လံဘုရား ကုန်းတော်) ပေါ်တွင် မွန် နှင့် ရှမ်းတို့ စေတီအပြိုင်တည်ခဲ့ကြသည်။ မွန်လူမျိုးတို့က စေတီအမြန်ပြီးစီးရေးအတွက် ဝါးများဖြင့် စေတီတည်ကြသည်။ တစ်နေ့တည်းနှင့် တည်ပြီးသော ထိုစေတီကို ထုံးသင်္ကန်း ကပ်လှူလိုက်သောအခါ အလွန်ပင် ကြည်ညိုသပ္ပါယ်ဖွယ်ကောင်းလှသည်။ ရှမ်းလူမျိုးတို့သည် စေတီတော်ကို အုတ်၊ သဲ၊ ကျောက် တို့ဖြင့် တည်ဆောက်သောကြောင့် တစ်နေ့တည်းနှင့် မပြီးပေ။ ထို့ကြောင့် ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ မွန်တို့က အနိုင်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ရှမ်းတို့သည်လည်း မွန်ဒေသကို မည်သည့်အခါမှျ လာရောက်ကျူးကျော်ခြင်း မပြုတော့ပေ။
ဤစေတီတော်ကြီး၏ တန်ခိုးတော်ကြောင့် မွန်ဒေသသည်လည်း စစ်မက်မဖြစ်ပွားတော့ဘဲ တိုးတက်စည်ပင်လာခဲ့သည်ဟု ပါးစပ်ရာဇဝင်သမိုင်းအဖြစ် တည်ရှိနေပါတော့သည်။
ဤစေတီသမိုင်းနှင့် စပ်လျဉ်း၍ အဆို ၂ မျိုး ကွဲပြားလျက်ရှိသည်။ တစ်မျိုးမှာ သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို့မှ မွန်ဘုရင်မွတ်ပိရာဇာမင်းသည် သထုံပြည်မှသွားတော် ဓာတ်တစ်ဆူ ရရှိခဲ့သဖြင့် မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဘူးရာ နာဂဝသီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း၊ ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိသည်။ ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း ကျိုက်သံလင်စေတီဟု ခေါ်တွင်လေသည်။ ယခုအခါ စကား ရွေ့လျောလာသဖြင့် ကျိုက်သလ္လံ ဖြစ်လာသည်။ ရှေးအခါက ထိုစေတီတည်ထားရာ တောင်ခြေသည် ပြိုပျက်အံ့သကဲ့သို့ ရှိသောကြောင့် မွန်ဘာသာဖြင့် 'သံလင်'ဟု...
Read moreကျိုက်သလ္လံစေတီတော် ရင်ပြင်ပေါ်ကို နံနက်စောစောနဲ့ နေမ၀င်ခင်အချိန် ဘုရားပေါ်တက်ပြီး ဘုရားဖူးရင်း တစ်မြို့လုံးနဲ့ သံလွင်မြစ်ရဲ့အလှ ဒေါင့်ပေါ်င်းစုံကနေ ခံစားကြည့်လိုက်ပါ။ ရှု့ခင်းက အတော့်လှလွန်းလို့ စာရေးသူ ဘယ်လိုတောင် ပြောပြရမယ် မသိတော့ပါဘူး။ သူ့အလှကို စာရေးသူရဲ့ အရေးအသားနဲ့ မှီအောင်မဖွဲပြတက်တာ တော့အမှန်ပါ။ ငေးမဆုံးနိုင် တွေးမဆုံနိုင်တော့ပါ။ ဒီစေတီကတော့ ဒီနှစ်အတွင်းမှာပဲ မုန်တိုင်းဒဏ်ထိထားလို့ ရင်ပြင်တော်တစ်ချို့ကို ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်နေရပါတယ်။ စဖတ်သူတို့သတိထားမိမလားတော့မသိဘူး ဟိုတလောက Facebookမှာ အတော် နာမည်ကြီးလိုက်ပါသေးတယ်။ အမေဆုက ဒီဘုရားကိုလာဖူးတုန်းက ပန်းကို လက်နဲ့ကိုင်ပြီး ဘုရားရင်ပြင်ပေါ်မှာ ဦးချမိလို့ဆိုလား တော်တော် ဂယက်ထသွားပါသေးတယ်။ ဒါကတော့ ဒီဘုရားပေါ်မှာပေါ့။ #ကျိုက်သလ္လံ စေတီတော်မြတ်ကြီး သမိုင်းအကျဉ်း ရှေးအခါက မြတ်စွာဘုရာရှင် ဒေသစာရီ ကြွလာခဲ့ဖူးသောနေရာဖြစ်သည် နှင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ရွှေဟင်္သာမင်းဖြစ်စဉ်အခါက အစာရှာရာမှ အပြန်တွင် ရပ်နားခဲ့ဖူးသော နာဂ၀ီသ ခေါ် သံလင်းတောင်ထိပ်စွန်းတွင် ရပ်နားခြင်းကြောင့် ထိုတောင်တော် ထိုနေရာကို မြင့်မြတ်ကောင်းမွန်သောနေရာအဖြစ်သတ်မှတ်၍ မွတ်ပိရာဇာမင်းသည် မူးမတ်၊ သူငှေး၊ သူကြွယ် ၊ ကုန်သည် ၊ ဆင်းရဲသား အစုံအညီနှင့်အတူ မြတ်စွာဘုရား၏ သွားတော် နှင့် ဆံတော်တို့အား ရွှေကြုတ်၊ ငွေကြုတ်၊ ပတ္တမြားကြုတ်တွင်ထည့်ပြီး ရွှေဆင်းတုများ၊ ကြေးပြားထက်တွင် ရေးသားထားသော ပိဋကတ်သုံးပုံရွှေကိုယ်တော်လေးတို့ကို ဌာပနာသွင်းပြီး ကျောက်ဖျာပိတ်၍ ဖိနပ်အတောင် ၄၀ နှင့် ဥာဏ်တော်အတောင် (၅၅) ရှိသော ကျိုက်သလ္လံ စေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။ #ဆံတော်သမိုင်းအကျဉ်း ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင် ၀ါတော် ရှစ်ဝါမြောက်အရမှာ မိတ္ထီလာပြည်ကနေ သထုံပြည်ကို ကြွချီတော်မူလာပါတယ်။ ထိုအချိန်မှာပဲ မြတ်စွာဘုရားမှ ရသေ့ခြောက်ဦးကို တရားဟောတော်မူခဲ့ပါတယ်။ ထိုတရားဟောအပြီးမှာတော့ ရသေ့ခြောက်ပါးက မြတ်စွာဘုရားရှင် ကိုယ်စား ကိုးကွယ်ရန်အတွက် ကိုးကွယ်ရာတစ်ခုခုအားထားခဲ့ပေးပါရန် တောင်းပန်ကြသောအခါ မြတ်စွာဘုရားသခင်က ဆံတော် ခြောက်ဆူပေးသနားတော်မူခဲ့လေသည်။ ထိုရသေ့ခြောက်ဦးအနက် တစ်ဦးဖြစ်တဲ့ မွတ်လအိတောင်မှ ဦးကပ္ပရသေ့လည်း ဆံတော်တစ်ဆူရရှိခဲ့ပါတယ်။ ထိုသည် ကျိုက်သလ္လံစေတီတော် အတွင်းမှာ တည်ထားကိုးကွယ်သော ဆံတော်ဓာတ် သမိုင်းဖြစ်လေသည်။ #သွားတော်သမိုင်းအကျဉ်း နောက်တစ်ခုကတော့ သွားတော်သမိုင်းပါ။ မြတ်စွာဘုရား ပရိတ်နိဗ္ဗာန်စံ၍ စန္ဒကူးထင်းပုံထက်တွင် ဖုတ်ကျင်းသောအခါက အဓိဌာန်ကြောင့် သွားတော်ကြွင်းကျန်လေသည်။ ထိုသွားတော်ကို အဆင့်ဆင့်ပင့်ဆောင် ကိုးကွယ်ကြရင်း နောက်ဆုံးတွင် စူဌသီရိမာသောကမင်းသည် သွားတော်ဓာတ်တော်တို့ကို ရွှေအိုး ၃၃လုံးဖြင့်ပိတ်၍ ရွှေတိုက်သွင်းပူဇော်ပြီး မည်သူမဆိုကိုးကွယ်လိုလျှင်လာရောက်ယူစေဟု အမိန့်ကြော်ငြာကို အနယ်နယ် အရပ်ရပ်ကမ်းသဖြင့် ယခုမော်လမြိုင်မြို့ခေါ်သော ရမ္မာဝတီမြို့က ဒါယကာ တစ်ဦးမှ သွားတော်တစ်ဆူ ရခဲ့လေသည်။ ထိုသည် သွားတော်ဓာတ် သမိုင်းဖြစ်လေသည်။ ထိုသွားတော်နှင့် ဆံတော် ကိန်းဝပ်နေသော ကျိုက်သလ္လံစေတီတော်မြတ်ကြီးသည် ယခုတိုင် မော်လမြိုင်မြို့၏ မြို့ကျက်သရေဆောင် အထင်ရှားဆုံး...
Read moreကျိုက်သလ္လံစေတီတော်၏ မွန်အမည်မှာ ကျာ်သေမ်လီု ဖြစ်သည်။ မြန်မာလို အသံထွက်မှာ ကျိုက်ဆီမ်းလန် ဟူ၍ ဖြစ်သည်။ ကျာ် ၏ အဓိပ္ပာယ်မှာ ဘုရား၊ သေမ် ၏ အဓိပ္ပာယ်မှာ ရှမ်း ၊ လီု ၏ အဓိပ္ပာယ်မှာ ပျက်ဆီးခြင်း၊ ထွက်ပြေးခြင်း ဖြစ်သည်။ မွန်လူမျိုးများသည် ထိုင်းလူမျိုးများကို ရှမ်းဟု ခေါ်ကြသည်။ သို့ဖြစ်သောကြောင့် ကျာ်သေမ်လီု ဆိုသည်မှာ ရှမ်းလူမျိုးများကို ထွက်ပြေးစေနိုင်သော၊ ပျက်ဆီးစေနိုင်သော ဘုရားဟု အဓိပ္ပာယ်ရသည်။
ဘုရားသမိုင်း မြန်မာ့သမိုင်းတွင် ကံရာဇာကြီး၊ ကံရာဇာငယ် ညီနောင်နှစ်ပါးသည် ဘုရင်အဖြစ်ကို ရရှိရန်အတွက် စေတီတစ်ဆူကို အပြိုင်တည်ခဲ့ကြရသည်။ ကျိုက်သလ္လံ စေတီတော်သမိုင်းသည်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။
ရှေးယခင်က မွန် နှင့် ရှမ်းလူမျိုးများသည် မကြာခဏ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ မွန်များက ရှမ်းဒေသကို စစ်မက်ပြုလိုက်၊ ရှမ်းများက မွန်ဒေသကို စစ်မက်ပြုလိုက်နှင့် အချိန်ကာလများစွာ စစ်ပွဲများဖြစ်ပွားခဲ့ကြသည်။ ထိုဒေသနှစ်ခုလုံးသည်လည်း စစ်ပွဲများကြောင့် ပျက်ဆီးခဲ့ရသည်။ တနေ့တွင် ရှမ်းများသည် မွန်ဒေသကို စစ်မက်ပြုရန်အတွက် ချီတက်လာကြသည်။ မွန်ဘုရင်သည် ပညာရှိသုခမိန်အမတ်များကို ခေါ်၍ ရှမ်းများအား မည်ကဲ့သို့ ပြန်လည်တိုက်ခိုက်သင့်ပုံကို ဆွေးနွေးတိုင်ပင်သည်။ ထို့နောက် ရှမ်းဘုရင်ထံသို့ သံအဖွဲ့အား စေလွှတ်ပြီး စစ်မက်ပြုခြင်းဖြင့် ဒေသနှစ်ခုလုံး ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်၍ အကျိုးမရှိကြောင်း၊ ပညာရှိနည်းဖြင့်သာ ဆုံးဖြတ်သင့်ကြောင်း ပြောဆိုခဲ့သည်။ ထို ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ ရှုံးနိမ့်သူက အနိုင်ရရှိသူ၏ဒေသကို မည်သည့်အခါမှျ ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီမှုရရှိခဲ့သည်။ ထိုပညာရှိနည်းမှာ - တစ်နေ့တည်းနှင့် ဘုရားတစ်ဆူကို မွန်လူမျိုးနှင့် ရှမ်းလူမျိုးတို့ အပြိုင်တည်ရမည် ဖြစ်သည်။ အရင်ဆုံးပြီးအောင်တည်နိုင်သူသည် အနိုင်ရရှိမည် ဖြစ်သည်။ ဤသို့ဖြင့် ကုန်းမြင့်တစ်ခု(ယခု ကျိုက်သလ္လံဘုရား ကုန်းတော်) ပေါ်တွင် မွန် နှင့် ရှမ်းတို့ စေတီအပြိုင်တည်ခဲ့ကြသည်။ မွန်လူမျိုးတို့က စေတီအမြန်ပြီးစီးရေးအတွက် ဝါးများဖြင့် စေတီတည်ကြသည်။ တစ်နေ့တည်းနှင့် တည်ပြီးသော ထိုစေတီကို ထုံးသင်္ကန်း ကပ်လှူလိုက်သောအခါ အလွန်ပင် ကြည်ညိုသပ္ပါယ်ဖွယ်ကောင်းလှသည်။ ရှမ်းလူမျိုးတို့သည် စေတီတော်ကို အုတ်၊ သဲ၊ ကျောက် တို့ဖြင့် တည်ဆောက်သောကြောင့် တစ်နေ့တည်းနှင့် မပြီးပေ။ ထို့ကြောင့် ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ မွန်တို့က အနိုင်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ရှမ်းတို့သည်လည်း မွန်ဒေသကို မည်သည့်အခါမှျ...
Read more