Good Place For Visit.Soon Oo Pon Nya Shin Pagoda
SAGAING, Myanmar (Burma) — It’s one of the oldest–and from all appearances, richest–of the many pagodas in Sagaing. Sitting high on top of Nga-pha Hill, it was built in 1312.
It’s one of the oldest–and from all appearances, richest–of the many pagodas in Sagaing. Sitting high on top of Nga-pha Hill, one of dozens of hilltops in the Sagaing Hills, it was built in 1312 by Minister Pon Nya, after whom it’s named.
It’s not the most subtly decorated pagoda you’ll come across, thanks to a flood of cash coming in. A few things stand out in the main prayer hall. You can’t miss the giant statue of Gautama Buddha that dominates one end, tower higher than the walls around him. He looks unusually cheery. His gold robes and throne are surrounded by jade-colored tiles that line the walls and ceiling. And there are more donation boxes in this pagoda than I’ve seen in any other, each box designated to a particular purpose. Outside, the sprawling patios aren’t any less opulent. Colorful tiles cover the floors from which gold-covered stupas rise up. And there are great views over the Ayeyarwaddy River and surrounding hilltops.
The hill on which the pagoda sits is shaped a little like a frog. Which is how it got its name. And it also explains the large frog-shaped donation box...
Read moreဆွမ်းဦးပုညရှင် (စစ်ကိုင်း)
စစ်ကိုင်းတောင်ရိုး ဒုတိယအမြင့်ဆုံး တောင်ထိပ်ဝယ် တည်ထားသော စေတီတော်မြတ်ကို ပင်းယခေတ် ဦးပုည မင်းတမန်တော်က တည်ထားကိုးကွယ်ခဲ့သည်ဟု ဆို၏။ ပင်းယ ဆိုသည်က ယင်းမတိုင်မှီ တိုင်းကားပြည်ငယ် မင်းသူငယ်တို့ စိုးစံခဲ့ဘူး သည့်ကာလတစ်ခု အင်း၀ခေတ်မတိုင်မီ သမယကို ခေါ်ကြ၏။ စေတီအမြင့်သည် ၂၉ မီတာ အပေါ် ဆင့်တင်ထားတော်မူ သည်က ၈ မီတာအမြင့် ထီးတော်ရှိတော်မူ ပေသည်။ စေတီမဟာတွင် မူလတစောင်း တခုတည်ရှိ တော်မူသည်က လှပသော စမုတပလ္လင် တစ်ခုဖြစ်၍ ယင်းရှေ့တွင်မူ ကြီးမားသော ဘားတကာ ကြေးသွန်းဆောင်လျက် ယင်းအောက်တွင်မူ ဘီးအသွင်ဖြင့် အလှူခံပုံ များတည်ထားသည်။
အချက်တိုများ ဆွမ်းဦးပုညရှင်, အချက်အလက်များ .. သမိုင်းစဉ်လာ
သာသနာသက္ကရာဇ် ၁၇၈၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၆၇၄ခု တပေါင်းလပြည့်နေ့တွင် ဝိဇယပူရ ပင်းယမြို့နန်းကို စိုးစံတော်မူသော ဆင်ဖြူတစ်စီးရှင် သီဟသူမင်းကြီး၏ သေနာပတိဖြစ်သော မဟာပုည အမတ်ကြီးသည် နော်ရထာမင်းစော၏ ကွမ်းခွက်တော်နှိုက် ရွှေမှိုခုနှစ်ချက်စွဲ၍ ဌာပနာတော်မူသော မွေတော်ခုနှစ်ဆူ တို့အနက် နှစ်ဆူသော ဓာတ်တော် မွေတော်တို့ကို ပန်းတိမ် ငစိန်သင်၏ လက်မှ တရားသဖြင့်ရခြင်းနှင့် များစွာသောဓာတ်တော် မွေတော်တို့ကို နတ်တို့ဆောင်ပို့၍ ရခြင်းများကြောင့် ကြည်ညိုစွာရကား စေတီတည်ရန် မြေအရပ်ကို ဓိဋ္ဌာန်ရွေးချယ်သောအခါ ဇေယျာပူရတိုင်း စစ်ကိုင်းမြို့မြောက်၌ တောင်ပေါင်း(၃၀)ကျော်တို့ဖြင့်ဝန်းရံလျက်ရှိသော ဥပစာ ငဖားမည်သော တောင်ထိပ်၌၊ ဗုဒ္ဓဘုရားအလောင်း ယုန်မင်းဖြစ်စဉ်က ကျင်လည်တော်မူဘူးသောအရပ်သို့ ဓာတ်မွေတော်တို့ အစဉ်သဖြင့်ကြွ၍ ကိန်းဝပ်ရာဖြစ်သော ထိုအရပ်ဝယ် ခမ်းနားကြီးကျယ်စွာ ဌာပနာ၍ ပုညအမတ်စေတီ တည်ထားကိုးကွယ်သည်ကို ပုညစေတီဟုတွင်သတည်းဟု စေတီယပကာသနီ ကျမ်းတွင် ဖော်ပြထားခဲ့သည်။
ဘိုးဝဇီယမှတ်တမ်းတွင် ပုညအမတ်သည် မွေတော်နှစ်ဆူကို ပတ္တမြားကြုတ်နှင့်တကွ ရွှေလင်ပန်းထက်တင်၍ သင်ပုတ်ပြင်ပြိးလျှင် ဆီမီးတန်ဆောင် ပန်းပေါက်ပေါက်တို့ဖြင့် ထက်ဝန်းကျင် ပူဇော် ပသကာပြု၍"ရှင်တော်ဘုရား..လူနတ်ဗြဟ္မာ ရဟန်းသံဃာတို့ ပူဇော်ပသကာ ပြုအံ့သောအရပ်တွင် သင်ပုတ်တင်အံ့။ ရွှေလင်ပန်းနှင့်တကွ တည်မိသော "ဟု သစ္စာအဓိဌာန်ပြုပြီး ခြေမြန်ကုလားတစ်ယောက်ကို ခေါ်၍ ခေါင်းထက်တင်ရွက်စေပြီးသော်"အမောင်..တောင်ဖီလာ၊လေးကျွန်းဆီမီးတောင်က တက်၍ တောင်ထိပ်တပြင်တွင် တင်ချင်စိတ်ရှိသည့် အရပ်၌ ဤရွှေလင်ပန်းနှင့် သင်ပုတ်ကို မသွန်ဘဲ ထားခဲ့တော့"ဟုမှာထား၍ ပို့စေခဲ့သည်။
ခြေမြန်ကုလားလည်း အမတ်ပုညမှာသည့်အတိုင်း တောင်ဖီလာ၊ လေးကျွန်းဆီမီးတောင်ကတက်၍ တောင်ရိုးတောာင်စဉ်တလျှောက် လျှောက်၍ သွားသော် မည်သည့်ဌာနတွင်မှ မတင်ချင်၊ ယခုပုညရှင် စေတီမြတ်တည်ရာ ငဖားတောင်ထိပ်ရောက်မှ သီရိဓမ္မာသောကစေတီဟောင်းတစ်ဆူနှင့် ပတူးသင်္ဃရာဇာတည်ထားသော စေတီတစ်ဆူ ၎င်းနှစ်ဆူကြားတွင် ရွှေလင်ပန်းတင်ထားပြီး ပြန်လာခဲ့လေသည် ။ အမတ်ပုညလည်း သီရိဓမ္မာသောကစေတီတော်နှင့် ပတူသင်္ဃရာဇာကောင်းမှုစေတီဟောင်း နှစ်ဆူကို ငုံပြီးလျှင် စေတီတည်လေ၏ဟု ဖော်ပြထားသည်။
မိုးတားဝန်ထောက်မင်း၏ စစ်ကိုင်းဘုရားစဉ် သမိုင်းချုပ်တွင် ပုညရှင်စေတီတော်၏ အတိုင်းတာ ဖော်ပြရာ၌ ဖိနပ်တော် (၄၂)တောင်(၂)မိုက်၊ ဉာဏ်တော်အတောင်(၄၀)နှင့် (၁)မိုက်ဟု ဖော်ပြထားသည်။ ယခုတိုင်းတာရရှိသည့် ပုညရှင်စေတိတော်အတိုင်းတာမှာ ဖိနပ်ခင်း(၆၂)ပေ(၄၁)တောင်တစ်မိုက်၊ဉာဏ်တော်(၁၃၃)ပေ(၈၈တောင်၂မိုက်)ထီးတော်အမြင့်မှာ (၂၅ပေ ၁၀လက္မ)ရှိသည်ဟု ၁၃၂၂-ခုက ရွှေကိုင်းသားရေးသားပြုစုသည့် ဆွမ်းဦးပုညရှင်စေတီတော် သမိုင်းစာမျက်နှာ ၅၉တွင် ရေးသားဖော်ပြထားသည်။
မူလရှိနှင့်ပြီးသော သီရိဓမ္မာသောကမင်း၏ စေတီဟောင်းဆိုသည်မှာ ဥတ္တမစက္ကန္ဒဓဇမဟာဓမ္မရာဇာဂုရုဘွဲ့ရ မိတ္ထီလာဆရာတော်က ယောမြို့ရှိ ရွှေမုဌောစေတီကို ထောက်ထားပြု၍ ဉာဏ်တော် (၂)တောင် တစ်ထွာခန့်မျှ ဂွမ်းဝါဖတ်သော ဝါးဖက်ခြင်းလုံးခန့်သာရှိပြီး အထုူးသင်္ဃရာဇာကောင်းမှု စေတီဟောင်းကလည်း များစွာ မကြီးတန်ရာ၊ သို့မှသာ ပုညအမတ်က ထိုစေတီ ဟောင်းနှစ်ခုလုံးကို ငုံမိအောင် စေတီတည်နိုင်ပေမည်ဟု ရေးသားထားကြောင်းတွေ့ရှိရသည်။ စေတီယကထာ..စာ၈၄တွင်"စစ်ကိုင်းဂန္ဓမာဒနတောင်ထိပ်၌ သီရိဓမ္မာသောကစေတီတစ်ဆူ ပုညအမတ်ကောင်းမှုတစ်ဆူ ပတူသင်္ဃရာဇာကောင်းမှုတစ်ဆူ ဤသုံးဆူသောစေတီကိုတစ်ဆူထဲစု၍ အနုရုဒ္ဓါမဟာဓိပတိခံသော အသင်္ခယာစောယွန်းတည်သော စေတီတော်၌ "ဟုရေးသားထားချက်အရ အသင်္ခယာစောယွန်းမင်းက စေတီငယ်သုံးဆူကို ငုံ၍ ပုညရှင်စေတီကြီးကို တည်ခဲ့သည်ဆိုခြင်းက ပိုမိုလျှော်ကန်လှသည်ဟု ထင်မြင်မိပါသည်။
ဤစေတီတော်ကြီးကို သက္ကရာဇ် ၉၂၀ ပြည့်နှစ်တွင် ဟံသာဝတီဆင်ဖြူရှင် မင်းကလည်းကောင်း မင်းရဲကျော်စွာလက်ထက်သက္ကရာဇ် ၉၄၉ခုနှစ်၊ ပုညရှင်စေတီကို ရွှေထီးတင်၍ ရွှေဇရပ်ဆောက်၏။ ကျွန်၂၅၀လူပြီး ကျောက်စာစိုက်ခဲ့၏။ ဗဟိုစည် ခေါင်းလောင်းစသည်တို့ လှူဒါန်း၏။ သက္ကရာဇ် ၉၆၄ခုနှစ် ဟံသာဝတီဆင်ဖြူရှင် သားတော်ဥတ္တမရာဇ်သည် ပုညရှင်စေတီ ရှေးကောင်းမှု ပြိုပျက်သမျှပြင်ဆင်၍...
Read moreဆွမ်းဦးပုညရှင် ဘုရား သမိုင်း
သာသနာသက္ကရာဇ် ၁၇၈၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၆၇၄ခု တပေါင်းလပြည့်နေ့တွင် ဝိဇယပူရ ပင်းယမြို့နန်းကို စိုးစံတော်မူသော ဆင်ဖြူတစ်စီးရှင် သီဟသူမင်းကြီး၏ သေနာပတိဖြစ်သော မဟာပုည အမတ်ကြီးသည် နော်ရထာမင်းစော၏ ကွမ်းခွက်တော်နှိုက် ရွှေမှိုခုနှစ်ချက်စွဲ၍ဌာပနာတော်မူသော မွေတော်ခုနှစ်ဆူ တို့အနက် နှစ်ဆူသော ဓာတ်တော် မွေတော်တို့ကို ပန်းတိမ် ငစိန်သင်၏ လက်မှ တရားသဖြင့်ရခြင်းနှင့် များစွာသောဓာတ်တော် မွေတော်တို့ကို နတ်တို့ဆောင်ပို့၍ ရခြင်းများကြောင့် ကြည်ညိုရကား စေတီတည်ရန် မြေအရပ်ကို ဓိဌာန်ရွေးချယ်သောအခါ ဇေယျာပူရတိုင်း စစ်ကိုင်းမြို့မြောက်၌ တောင်ပေါင်း(၃၀)ကျော်တို့ဖြင့်ဝန်းရံလျှက်ရှိသော ဥပစာ ငဖားမည်သော တောင်ထိပ်၌ ၊ဗုဒ္ဓကုမာရဘုရားအလောင်း ယုန်မင်းဖြစ်စဉ်က ကျင်လည်တော်မူဘူးသောအရပ်သို့ ဓာတ်မွေတော်တို့ အစဉ်သဖြင့်ကြွ၍ ကိန်းဝပ်ရာဖြစ်သော ထိုအရပ်ဝယ် ခမ်းနားကြီးကျယ်စွာ ဌာပနာ၍ ပုညအမတ်စေတီ တည်ထားကိုးကွယ်သည်ကို ပုညစေတီဟုတွင်သတည်းဟု စေတီယပကာသနီ ကျမ်းတွင် ဖော်ပြထားခဲ့ပါသည်။ ဘိုးဝဇီယမှတ်တမ်းတွင် ပုညအမတ်သည် မွေတော်နှစ်ဆူကို ပတ္တမြားကြုတ်နှင့်တကွ ရွှေလင်ပန်းထက်တင်၍ သင်ပုတ်ပြင်ပြိးလျှင် ဆီမီးတန်ဆောင် ပန်းပေါက်ပေါက်တို့ဖြင့် ထက်ဝန်းကျင် ပူဇော် ပသကာပြု၍ "ရှင်တော်ဘုရား..လူနတ်ဗြဟ္မာ ရဟန်းသံဃာတို့ ပူဇော်ပသကာ ပြုအံ့သောအရပ်တွင် သင်ပုတ်တင်အံ့။ ရွှေလင်ပန်းနှင့်တကွ တည်မိသော "ဟု သစ္စာအဓိဌာန်ပြုပြီး ခြေမြန်ကုလားတစ်ယောက်ကို ခေါ်၍ ခေါင်းထက်တင်ရွက်စေပြီးသော် "အမောင်..တောင်ဖီလာ၊လေးကျွန်းဆီမီးတောင်က တက်၍ တောင်ထိပ်တပြင်တွင် တင်ချင်စိတ်ရှိသည့် အရပ်၌ ဤရွှေလင်ပန်းနှင့် သင်ပုတ်ကို မသွန်ဘဲ ထားခဲ့တော့"ဟုမှာထား၍ ပို့စေခဲ့သည်။ ခြေမြန်ကုလားလည်း အမတ်ပုညမှာသည့်အတိုင်း တောင်ဖီလာ၊ လေးကျွန်းဆီမီးတောင်ကတက်၍ တောငျရိုးတောာငျစဉျတလြှောကျ လျှောက် ၍ သွားသော် မည်သည့်ဌာနတွင်မှ မတင်ချင် ၊ယခုပုညရှင် စေတီမြတ်တည်ရာ ငဖားတောင်ထိပ်ရောက်မှ သီရိဓမ္မာ သောကစေတီဟောင်းတစ်ဆူနှင့် ပတူးသင်္ဃရာဇာတည်ထားသော စေတီတစ်ဆူ ၎င်းနှစ်ဆူကြားတွင် ရွှေလင်ပန်းတင်ထားပြီး ပြန်လာခဲ့လေသည် ။ အမတ်ပုညလည်း သီရိဓမ္မာသောကစေတီတော်နှင့် ပတူသင်္ဃရာဇာကောင်းမှုစေတီဟောင်း နှစ်ဆူ ကို ငုံပြီးလျှင် စေတီတည်လေ၏ဟု ဖော်ပြထားပါသည်။ မိုးတားဝန်ထောက်မင်း၏ စစ်ကိုင်းဘုရားစဉ် သမိုင်းချုပ်တွင် ပုညရှင်စေတီတော်၏ အတိုင်းတာဖော်ပြရာ၌ ဖိနက်တော် (၄၂)တောင်(၂)မိုက်၊ဉာဏ်တော်အတောင်(၄၀)နှင့် (၁)မိုက်ဟုဖော်ပြထားပါသည်။ ယခုတိုင်းတာရရှိသည့် ပုညရှင်စေတိတော်အတိုင်းတာမှာ ဖိနက်ခင်း(၆၂)ပေ(၄၁)တောင်တစ်မိုက်၊ဉာဏ်တော်(၁၃၃)ပေ(၈၈တောင်၂မိုက်)ထီးတော်အမြင့်မှာ (၂၅ပေ ၁၀လက်မ)ရှိပါသည်ဟု ၁၃၂၂-ခုကရွှေကိုင်းသားရေးသားပြုစုသည့် ဆွမ်းဦးပုညရှင်စေတီတော် သမိုင်းတွင်...
Read more