မဟာဂန္ဓကုဋိတိုက် လေးမျက်နှာ၌ တစ်ဖက်ကို ကျောက်တံခါး ငွေတံခါး ရွှေတံခါး (၃)တန်စီထား ရှိ၏။ တံခါးပေါက် အမြင့်မှာ (၁၆)တောင်၊ အနံ(၈)တောင်စီရှိ၏။ အရှေ့တံခါး(၃)တန်မှာ ဂန္ဓဗ္ဗနတ်မင်း သုံးထောင် စောင့်၏။ တောင်တံခါး(၃)တန်မှာ ဂုမ္ဘာန်နတ်မင်း သုံးထောင်စောင့်၏။ အနောက်တံခါး (၃)တန်မှာ ဂဠုန်မင်း သုံးထောင်စောင့်၏။ မြောက်တံခါး(၃)တန်မှာ ရက္ခဘီလူးမင်း သုံးထောင်စောင့်၏။ အောက်မျက်နှာ၌ ဘုမ္မစိုးနတ်မင်း၊ မဟာပိန္နဲအသူရာနတ်မင်း သုံးထောင်စောင့်၏။ မဟာဂန္ဓ ကုဋိတိုက် အတွင်း၌ သမာဒေဝ နတ်မင်း လေးထောင်စောင့်၏။ အရှင်မဟာကဿပမထေရ်သည် မလ္လာမင်းတို့၏ အင်ကြင်းပန်းဥယျာဉ်၌ မြတ်စွာဘုရားပရိနိဗ္ဗာန် စံယူပြီးနောက် သင်္ဂါယနာတင်၍ အဇာတသတ်မင်းနှင့် ဓာတ်တော်များကို ရှစ်ပြည်ထောင်သော မင်းများ၏ ဌာပနာစေတီတော်၌ ပင့်ဆောင်ယူ၍ စုရုံးပြီး အဇာတသတ်မင်းလက်သို့အပ်၍ ဓာတ်တော်များ ဌာပနာပြုပြီးသော သတ္တဝါလူအများတို့အား တရားရေအေး အမြိုက်ဆေး ကို တိုက်ကျွေးတော်မူသည်။ အရှင်မဟာ ကဿပမထေရ်ကြီးသည် သက်တော်(၁၂၀)၊ ဝါတော်သိက္ခာ(၅၀)ပြည့်တော်မူသောနေ့၌ ပရိနိဗ္ဗာန်ပြုအံ့သောနေရာ မြန်မာပြည်အလယ်ပိုင်း ချင်းတွင်းမြစ်အနောက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ရှိရာသို့ ရာဇဂြိုဟ်ပြည်မှ ထွက်လာခဲ့ရာ ကသဲပြည်ကို ကျော်ဖြတ်ပြီး အထက် ချင်းတွင်းမြစ်ကို ရောက်ရှိသည်။ အရှင်မဟာကဿပ မထေရ်ကြီး ကြွလာသည်ကို ယာထွန်နေသော တောင်သူကြီးဦးကောင်းစင်မြင်တွေ့ပြီး ပင့်၍ ဆွမ်းကပ်လှူခဲ့ပါသည်။ ဤနယ်မြေ တစ်လျှောက်တွင် တောင်သူကြီးဦးကောင်းစင်နတ်ရုပ်ကို ကိုးကွယ်ကြပါသည်။ ပထိုးလုံးချောင်းတွင် ခေတ္တနားပြီး ရေချိုး၍ သင်္ကန်း များကို လျှော်လှန်းသောနေရာတွင် သင်္ကန်းချုပ်ရိုးရာ အနားပါတ်နေရာ အစုံအလင်ထင်ရှားစွာပင် အကြောင်းထင်လျှက်ရှိပါသည်။ ချောင်းအတိုင်း ဆန်တက်ပြီး ဝေဘူလ၊ ဝေဘာရတောင်သို့ ရောက်ပြီးလျှင် တောင်ပေါ်သို့တက်၍ မတ်တပ်ရပ်တော်မူပြီးလျှင် လူနတ်အပေါင်းတို့၏အကျိုးငှာ အဓိဌာန်ပြုတော်မူသည်မှာ ‘သာသနာတော်၌ သက်ဝင်ယုံကြည်သော အမျိုးကောင်းသားသည် ငါးပါးသီလကို စောင့်ထိန်းခြင်း၊ မိဘဆရာသမားတို့အား ရှိခိုးပူဇော်ခြင်း၊ ရတနာသုံးပါး သာသနာတော်စောင့်နတ်တို့ကို ပူဇော်ပသ ခြင်းပြုကာ ယုံကြည်စွာ သုံးစွဲပါက (၉၆)ပါးသောရောဂါတို့ ပျောက်ပါစေသတည်း။’ ဤကဲ့သို့ သတ္တဝါအပေါင်းတို့အား သနားတော် မူသောကြောင့် မေတ္တာတော်ရေတွင်းကိုလည်း အဓိဌာန်ပြု၍ ထားတော်မူခဲ့လေ၏။ ထိုရေတွင်းမှတဖန် တောင်ဘက်သို့ လျှောက်သွားပြီးလျှင် ဣစ္ဆာသယတောင်ခြေရင်း၌ ဆွမ်းဘုန်းပေးပြီး သပိတ်များကို ဆေးကြောသောချောင်းကို သပိတ်ဆေးချောင်း ဟုခေါ်သည်။ အရှင်မဟာကဿပမထေရ်ကြီးသည် နတ်မင်းအပေါင်းတို့ ဖန်ဆင်းထားတော်မူသော မြသလွန်ညောင်စောင်းထက်တွင် မဟာဗောဓိပင်နှင့် ရတနာခုနှစ်ပါး ရွှေပလ္လင်မြတ်၌ ဘုရားဓာတ်တော်မြတ်ကို ရှိခိုးပူဇော်ပြီးမှ သစ္စာအဓိဌာန်ပြုတော်မူလေသည်။ ဤဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ၊ ဣစ္ဆာသယငွေတောင်၌ သူတော်ကောင်းအပေါင်းတို့သည် မိမိ၏အသက်ကို မငဲ့ညှာ (၃)နှစ်(၃)ဝါတိတိ သူများအသက်က မစားမသောက်ဘဲ ပါနုပေတံရှောင်ကြဉ်၍ သမထဝိပဿနာကမ္မဌာန်း၊ အသုဘကမ္မဌာန်းကို စီးဖြန်းအား ထုတ်ကျင့်ကြံ၍ အောင်မြင်လျှင် မြတ်စွာဘုရား၏ သရီယဓာတ်တော်နှင့် ငါ၏အလောင်းတော်စစ်ကြီးကို ကိုယ်တိုင်ဝင်၍ ရှိခိုးပူဇော် လှူဒါန်းဆုတောင်းနိုင်ကြပါစေသတည်း။ သာသနာ(၂၃၅)နှစ်သို့ ရောက်လျှင် သောဏဥတ္တရ ရဟန္တာအရှင်မြတ်သည် သထုံမြို့ကစ၍ မြန်မာပြည်တစ်ဝှမ်းလုံး၌ သာသနာတော်ပြန့်ပါစေသတည်း။ ကောဇာသက္ကရာဇ် (၁၂၃၃)နှစ် သာသနာတော်(၂၄၁၅)ခုနှစ်သို့ ရောက်လျှင် ရတနာပုံရွှေမြို့တော် မဟာလောက မာရဇိန်စေတီတော်ဒါယကာ ဘဝရှင်မင်းတရားကြီးလက်ထက်တွင် သံဃာတော်ပေါင်း (၂၄၀၀)ကို ရွေးချယ်စိစစ် နှုတ်တိုက်အာဂုံ ဆောင်လျှက် တပေါင်းတည်း ရွတ်ဖတ်သရဇ္စျယ်ကြပြီးလျှင် ကျောက်ထက်အက္ခရာ ပဉ္စမသင်္ဂါယနာ တင်တော်မူနိုင်ပါစေသတည်း။ ဘုရားသာသနာ(၂၅၀၀) ကောဇာသက္ကရာဇ်(၁၃၁၈)ခုနှစ်သို့ ရောက်လျှင် သာသနာပြု မင်းကောင်းနှင့် သိကြားနတ်မင်း တို့ လူ့ပြည်ဆင်းပြီးလျှင် သာသနာဆူးညှောင့်ခလုတ်စသည်တို့ကို သုတ်သင်ရှင်းလင်းပြီးလျှင် (၂၅၀၀)သော သံဃာတော် အပေါင်းတို့နှင့် ကျောက်ထက်အက္ခရာ ဆဌမသင်္ဂါယနာ တင်တော်မူနိုင်ကြပါစေကုန်သတည်း။ ငါပရိနိဗ္ဗာန်စံယူပြီးနောက် အဇာတသတ်မင်းကြီးနှင့် ငါးရာသောရဟန္တာတို့သည် ငါ၏ အလောင်းတော်စစ်ကို ဖူးပြီးမှ ငါ၏ အလောင်းကိုယ်စား ဒုတိယစန္ဒကူးသရက်ခန်းကို ကိုယ်စားတော်တဆူ၊ ဥာဏ်တော်(၁၂)တောင်၊ မြတ်စွာဘုရား၏ ရုပ်ပွားတော် မတ်ရပ်တော် ဥာဏ်တော်(၁၈)တောင်အမြင့်ကို သွန်းထုပြီးမှ ဝေဘူလ၊ ဝေဘာရ၊ ပတ္တမြားတောင်ခြေရင်း၌ လူနတ်အပေါင်းအား ငါ၏ကိုယ်စားတော်စစ်ကို ဥဒိဿရည်စူး၍ ရှိခိုးပူဇော်ကြရန်...
Read moreအလောင်းတော်ကဿပ . ဗုဒ္ဓ၀င် ရာဇ၀င်နှင့် သမိုင်း၀င်အထောက်ထားများ အခိုင်အမာရှိပြီး မြန်မာပြည်တွင်ထင်ရှားကျော်ကြားလှသည့် အလောင်းတော်ကဿပ ကိန်း၀ပ်စံပယ်တော်မူရာနေရာဌာနမှာ မြန်မာနိုင်ငံအထက်ပိုင်းမုံရွာမြို့အနောက်ဖက် စစ်ကိုင်းတိုင်းအောက်ပိုင်း မုံရွာနှင့် ယင်းမာပင်ခရိုင် ကနီမြို့နယ် အတွင်းတည်ရှိနေတာဖြစ်ပါတယ်
ပုံတောင်ပုံညာ၊ မဟူတောင်တန်းမှသည် ဝေဘူလ ဝေဘာရ သုနန္ဒရ တောင်သုံးလုံးတို့၏အကြား ပုထိုးလုံးချောင်း၏လက်တက်ဖြစ်တော့ အထက်ချောင်းဖျားတနေရာစမ်းချောင်းလေးဘေး လှိုင်ဂူတော်တစ်ခုတွင်း Latitude - 22°18´ 46.37" Longitude - 94°27´ 58.33" မှာ ကိန်း၀ပ်စံပယ်နေတော်မူလျက်ရှိနေတာဖြစ်ပါတယ်။ အလောင်းတော်ကဿပ ဆိုသည်မှာ ဗုဒ္ဓဘုရားရှင်၏မဟာသာ၀ကရဟန ္တာမထေရ်မြတ်ကြီး၏ ဘွဲ့တော်ဖြစ်ပါသည်။ နှစ်စဉ်လဲဘုရားပွဲတေါ်ကာလတွင် ပြည်တွင်းပြည်ပခရီးသွားအ များအပြားလာရောက်ဖူးမျှော်လေ့လာကြည့်ရှုသူများနဲ့အထူးစည်ကားလှပါတယ်။
ခရီးလမ်းပမ်းကတော့ မုံရွာမြို့မှတဆင့် လမ်း ၃လမ်း ၃သွယ်ပေါက်ပါတယ်
မုံရွာမှချင်းတွင်းတံတားကြီးကိုဖြတ်၍ သပိတ်ဆေးစခန်းထိ ၃၅မိုင် ခရီးနှင့် နောက်တစ်လမ်းမှာ မုံရွာ- ယာကြီး- ကလေး၀ မှ သစ်ရာပင်၊ ကပိုင် တို့ကိုဖြတ်ကာ သပိတ်ဆေးစခန်းသို့ မိုင် ၄၀ ရှိပြီး မုံရွာတဖက်ကမ်း ညောင်ပင်ကြီးသိမ်မှ ဖိုလ်၀င်တောင်မှသည် သပိတ်ဆေးစခန်းထိ ၄၅မိုင်ခရီးတို့ဖြစ်ပါတယ်။ အလောင်းတော်ကဿပ တည်ရှိရာနှင့် ထူးခြားမှုများ *
မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ ဒေသသည် မုံရွာမြို့ တစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်မှ မိုင် (၆ဝ) ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့တွဲ လပြည့်နေ့က အလောင်း တော်ကဿပ ပရိနိဗ္ဗာန်ပြုရာ စံကျောင်းတော် ကျောက်သားတံခါး ပွင့်
ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှဘုရားဖူးလာရောက်သူ အမျိုးသမီးတစ်ဦး မှ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသခံများ ၏ ကိုယ်တွေ့၊ ပြောပြချက်အရမူ အလောင်းတော်ကဿပတွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြားမှုဖြစ်ပေါ်လေ့
ရှိကြောင်း သိရပါသည်။ ရှေးယခင်က အလောင်းတော် ကဿပသို့ ဘုရားဖူးသွားလိုလျှင် ခြေလျင်ခရီးသာရှိပြီး ယခုအခါ ပွင့်လင်းရာသီ တန်ဆောင်မုန်းလ မှ စတင်၍ တန်ခူးလသင်္ကြန် မတိုင်မီအထိ မော်တော်ယာဉ်များဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ပါပြီ။
မြေခင်းဧရိယာ ကျယ်ဝန်းသော ချောင်းမကြီးစခန်းတွင် ယာဉ်ရပ်နား၍ တစ်မိုင်ခရီးကို ခြေလျင် လျှောက်ရုံသာပင်။ အလောင်းတော်ကဿပ တွင် တည်းခိုစခန်းများ၊ စားသောက်ဆိုင်တန်းများ သီးခြားတည်ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမဝေးတွင် ကြေးပြာသာဒ်စံကျောင်းတော် ဖြင့်
အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင်သည်။ ကိုယ်စားတော်၏ ဦးခေါင်းတော် အောက်တည့်တည့် လိုဏ်ဂူအတွင်း မှာ အလောင်းတော်၏ ခြေတော်အစုံတည်ရှိသည်။ ဥာဏ်တော် (၁ဝ) တောင်ရှိပြီး အနောက်မြောက်ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြုနေ ဟန် ရဟန္တာ ပုံသဏ္ဌာန်ဖြစ်ပါသည်။ မူလဒါယကာမှာ အဇာတသတ်မင်း ဟုဆိုကြသည်။
စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်းသွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ဆုံရာအရပ်ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော် တည်ရှိသည်။ သမိုင်းဟောင်းပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ်သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက်တော် ၁၂ဝ၊ ဝါတော် သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်။ ဝေဘာရတောင် အလယ်ဗဟိုအတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်ရှိသည်။
တိုက်တော်အတွင်း ကြေးပြာသာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင်မဟာကဿပသည် မြောက်သို့ ဦးခေါင်းပြုကာ လက်ယာနံတော်စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊
ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်းတွင် အလောင်းတော်ဘေး၌ ထွန်းညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီးက အဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တယျဘုရား ပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇောဓာတ်ကျွမ်းလောင်ပြီးမှ...
Read moreAloungtaw Kassapa အလောင်းတော်ကဿပ . ဗုဒ္ဓ၀င် ရာဇ၀င်နှင့် သမိုင်း၀င်အထောက်ထားများ အခိုင်အမာရှိပြီး မြန်မာပြည်တွင်ထင်ရှားကျော်ကြားလှသည့် အလောင်းတော်ကဿပ ကိန်း၀ပ်စံပယ်တော်မူရာနေရာဌာနမှာ မြန်မာနိုင်ငံအထက်ပိုင်းမုံရွာမြို့အနောက်ဖက် စစ်ကိုင်းတိုင်းအောက်ပိုင်း မုံရွာနှင့် ယင်းမာပင်ခရိုင် ကနီမြို့နယ် အတွင်းတည်ရှိနေတာဖြစ်ပါတယ်
ပုံတောင်ပုံညာ၊ မဟူတောင်တန်းမှသည် ဝေဘူလ ဝေဘာရ သုနန္ဒရ တောင်သုံးလုံးတို့၏အကြား ပုထိုးလုံးချောင်း၏လက်တက်ဖြစ်တော့ အထက်ချောင်းဖျားတနေရာစမ်းချောင်းလေးဘေး လှိုင်ဂူတော်တစ်ခုတွင်း မှာ ကိန်း၀ပ်စံပယ်နေတော်မူလျက်ရှိနေတာဖြစ်ပါတယ်။ အလောင်းတော်ကဿပ ဆိုသည်မှာ ဗုဒ္ဓဘုရားရှင်၏မဟာသာ၀ကရဟန္တာမထေရ်မြတ်ကြီး၏ ဘွဲ့တော်ဖြစ်ပါသည်။ နှစ်စဉ်လဲဘုရားပွဲတေါ်ကာလတွင် ပြည်တွင်းပြည်ပခရီးသွားအ များအပြားလာရောက်ဖူးမျှော်လေ့လာကြည့်ရှုသူများနဲ့အထူးစည်ကားလှပါတယ်။
ခရီးလမ်းပမ်းကတော့ မုံရွာမြို့မှတဆင့် လမ်း ၃လမ်း ၃သွယ်ပေါက်ပါတယ်
မုံရွာမှချင်းတွင်းတံတားကြီးကိုဖြတ်၍ သပိတ်ဆေးစခန်းထိ ၃၅မိုင် ခရီးနှင့် နောက်တစ်လမ်းမှာ မုံရွာ- ယာကြီး- ကလေး၀ မှ သစ်ရာပင်၊ ကပိုင် တို့ကိုဖြတ်ကာ သပိတ်ဆေးစခန်းသို့ မိုင် ၄၀ ရှိပြီး မုံရွာတဖက်ကမ်း ညောင်ပင်ကြီးသိမ်မှ ဖိုလ်၀င်တောင်မှသည် သပိတ်ဆေးစခန်းထိ ၄၅မိုင်ခရီးတို့ဖြစ်ပါတယ်။ အလောင်းတော်ကဿပ တည်ရှိရာနှင့် ထူးခြားမှုများ *
မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ ဒေသသည် မုံရွာမြို့ တစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်မှ မိုင် (၆ဝ) ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့တွဲ လပြည့်နေ့က အလောင်း တော်ကဿပ ပရိနိဗ္ဗာန်ပြုရာ စံကျောင်းတော် ကျောက်သားတံခါး ပွင့်
ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှဘုရားဖူးလာရောက်သူ အမျိုးသမီးတစ်ဦး မှ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသခံများ ၏ ကိုယ်တွေ့၊ ပြောပြချက်အရမူ အလောင်းတော်ကဿပတွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြားမှုဖြစ်ပေါ်လေ့
ရှိကြောင်း သိရပါသည်။ ရှေးယခင်က အလောင်းတော် ကဿပသို့ ဘုရားဖူးသွားလိုလျှင် ခြေလျင်ခရီးသာရှိပြီး ယခုအခါ ပွင့်လင်းရာသီ တန်ဆောင်မုန်းလ မှ စတင်၍ တန်ခူးလသင်္ကြန် မတိုင်မီအထိ မော်တော်ယာဉ်များဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ပါပြီ။
မြေခင်းဧရိယာ ကျယ်ဝန်းသော ချောင်းမကြီးစခန်းတွင် ယာဉ်ရပ်နား၍ တစ်မိုင်ခရီးကို ခြေလျင် လျှောက်ရုံသာပင်။ အလောင်းတော်ကဿပ တွင် တည်းခိုစခန်းများ၊ စားသောက်ဆိုင်တန်းများ သီးခြားတည်ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမဝေးတွင် ကြေးပြာသာဒ်စံကျောင်းတော် ဖြင့်
အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင်သည်။ ကိုယ်စားတော်၏ ဦးခေါင်းတော် အောက်တည့်တည့် လိုဏ်ဂူအတွင်း မှာ အလောင်းတော်၏ ခြေတော်အစုံတည်ရှိသည်။ ဥာဏ်တော် (၁ဝ) တောင်ရှိပြီး အနောက်မြောက်ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြုနေ ဟန် ရဟန္တာ ပုံသဏ္ဌာန်ဖြစ်ပါသည်။ မူလဒါယကာမှာ အဇာတသတ်မင်း ဟုဆိုကြသည်။
စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်းသွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ဆုံရာအရပ်ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော် တည်ရှိသည်။ သမိုင်းဟောင်းပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ်သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက်တော် ၁၂ဝ၊ ဝါတော် သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်။ ဝေဘာရတောင် အလယ်ဗဟိုအတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်ရှိသည်။
တိုက်တော်အတွင်း ကြေးပြာသာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင်မဟာကဿပသည် မြောက်သို့ ဦးခေါင်းပြုကာ လက်ယာနံတော်စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊
ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်းတွင် အလောင်းတော်ဘေး၌ ထွန်းညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီးက အဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တယျဘုရား ပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇောဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု...
Read more