ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးကို ကောဇာ သက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ခရစ်နှစ် ၁၉၂၁ ခုနှစ်တွင် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွမ်ကျောက်အင်းထရိုင် က ကျိုင်းတုံဒေသတွင် ဗုဒ္ဓသာသနာတော်တည်တံ့ စေရန်၊ သာသနာတော် နေလို လလို ထွန်းလင်းစေရန် ရည်ရွယ်၍ မန္တလေးမြို့ဟောင်း ဘူတာရုံအနောက်ဘက် လေးအိမ်တန်းရပ်နေ ပန်းပုပညာရှင် ဆရာကြီး ဦးသစ်ထံတွင် သွန်းလောင်းပူဇော်ခဲ့ပါသည်။ သွန်းလောင်း ပူဇော်အပြီးတွင် ထိုစဉ်အခါက မန္တလေးမှ ကျိုင်းတုံမြို့အထိ မော်တော်ယာဉ်လမ်းပေါက် ရောက်ခြင်းမရှိသဖြင့် ရုပ်ပွားတော်ကို အပိုင်းပိုင်းဖွဲ့ယူကာ လူအင်အား၊ ကျွဲလှည်း အင်အားများစွာဖြင့် ခရီးလမ်းပန်း အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်၍ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ ကောဇာသက္ကရာဇ် ၁၂၈၈ ခုနှစ်တွင် ဝိဟာရ ကျောင်းတော်ကို တည်ဆောက်ခဲ့ပြီး ကျောင်းတော်အတွင်းရှိ ပလ္လင်တော်သို့ ဘုရားကြီးကို ပင့်ဆောင်တော်မူခဲ့ပါသည်။ ထို့နောက် ခေတ်အဆက်ဆက် အစိုးရများ၊ ဒေသခံပြည်သူ များ၊ စေတနာရှင်အလှူရှင်များက ဘုရားကြီးအား ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုပြင်မွမ်းမံ ထိန်းသိမ်းခဲ့ပြီး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့ကို မဟာမြတ်မုနိဘုရားပွဲအဖြစ် သတ်မှတ်က အစဉ်အလာမပျက် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးသည် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီ ဖြစ်ပြီး သမိုင်းဝင်ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆက်လက်ပြုပြင် မွမ်းမံထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဘုရားကြီး နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။ ဘုရားကြီးအနီးတဝိုက်တွင် ရှေးဟောင်းဗိသုကာလက်ရာများဖြင့် ထင်ရှားသော ဘုန်းကြီးကျောင်းများဖြစ်သည့် ဝပ်ဟိုခုံနှင့်...
Read moreThe temple is situated in the heart of the city. It's one of the sacred places in Keng Tung city. The temple is attracting a lot of visitors, local communities as well as foreigners. It is crowded especially on the full moon days and Sabbath days. Visitors from the other cities will not be able to say they have been to Keng Tung without paying a visit to...
Read moreI think this may be the only place that the duplicate of The Buddha Statue Maha Myat Muni ever worshipped in Myanmar. The others are in Mandalay and etc... As far as I remember, about 3 years ago people from Thailand came and duplicated the statue from this statue,...
Read more