" ဂုတ်ထိပ်တံတား "
မန္တလေး-လားရှိုးလမ်း၊ နောင်ချိုဘူတာအလွန် (၇)မိုင်အကွာတွင် တည်ရှိသည်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြု သည်။ ဗြိတိသျှ ကိုလိုနီတို့ အခြား မီးရထားလမ်း တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် တည်ဆောက်ထားခြင်း မဟုတ်ပေ။ ဂုတ်တွင်းခေါ် ဒေသကြီးရှိ ပေ (၃၀၀)ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထား၍ ဂုတ်ထိပ်တံတားဟု ခေါ်ခြင်းဖြစ်သည်။ ရှမ်းဘာသာဖြင့် ငုပ်ထိပ် ဟု ခေါ်ရာမှ ဂုတ်ထိပ် ဖြစ်လာသည်ဟုလည်းဆိုသည်။
တံတားအချက်အလက်များ
ဂုတ်ထိပ်တံတားကြီး၏ အရှည်မှာ (၂၂၆၀)ပေ ရှိသည်။ တံတားကြီး အောက်ခြေရှိ ရေမြောင်းကလေး၏ ရေမျက်နှာပြင်မှ တိုင်းတာလျှင် ပေပေါင်း (၁၁၀၀)မြင့်သည်။ ထိုတံတားကို ဆောက်လုပ်ရာ၌ သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း တစ်သန်း(၁ဝဝဝဝဝဝ)ကို သုံးစွဲရသည်။ ပေ (၁၂၀)ရှည်သော အလျားကူး သံဘောင်ကြီး ၁၀-ခု၊ ပေ ၆၀-ရှည်သော အလျားကူး သံဘောင်ကြီး ၁၆-ခုတို့ဖြင့် သံမဏိတိုင်ကြီး ၁၆-တိုင်ပေါ်၌ ခဲရာခဲဆစ် တည်ဆောက်ထားသည်။
သမိုင်းကြောင်း
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနယ်တွင် ရှမ်းဘာသာဖြင့် ဟိုကွတ်ဟုခေါ်သောရွာရှိသည်။ ဗြိတိသျှတို့က ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးကို စီမံခန့်ခွဲသော ခရစ် ၁၈၉၈ ခုနှစ်လောက်က ထိုရွာမှ ရွာပေါင်း ၄၈ ရွာကို ကြီးမှူးရသည့် တိုက်နယ်ဗဟိုဌာန ဖြစ်သည်။ ထိုရွာကို မြန်မာတို့က ငုတ်ထိပ်ဟု ခေါ်ကြသည်။ ဟိုကွတ်နှင့် ငုတ်ထိပ်ဟူသော အခေါ်မှာ ထိုနေရာဒေသတွင် မြစ်ချောင်းများ ငုပ်လျှိုးကွယ်ပျောက်၍ သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ထိုရွာနားတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ထိုးဝင်စီးဆင်းပြီးနောက် အခြားတစ်နေရာတွင် မြစ်ကြောင်းပေါ်သည်။ ကာလရွေ့လျောလာ သောအခါ ငုပ်ထိပ်ကို ဂုတ်ထိပ်ဟု အများက ခေါ်ဝေါ်လာကြသည်။
ဂုတ်ထိပ်သည် ထိုနမ်းပဆေးမြစ်ကြောင့်သာ ထင်ရှားခဲ့သည်မဟုတ်။ ကမ္ဘာပေါ်တွင် အမြင့်အားဖြင့် ဒုတိယဖြစ်သော တံတားဟူ၍ ကျော်ကြားသော ဂုတ်ထိပ်တံတားကြောင့်လည်း ပို၍ထင်ရှားသည်။ ခရစ် ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ရာ မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်း ဖောက်လုပ်ရန်လည်း လိုအပ်သည်ကို တွေ့ရှိလာကြသည်။ ထို့ကြောင့် ဂုတ်ထိပ်တံတားကို စတင်ဆောက်လုပ်ရန် မြန်မာပြည်အစိုးရက စီမံ လေသည်။
ဂုတ်ထိပ်တံတားမှာ မန္တလေးမှ ကွမ်းလုံ မီးရထားလမ်းရှိ နောင်ချိုဘူတာ အလွန်တွင် မီးရထားမိုင်တိုင်အမှတ် ၄၆၃/ဝ-၉ ရှိသော ကျောက်ဂူကြီးအပေါ်သို့ဖြတ်၍ တောင်ထိပ် ၂ ခုကို ဆက်သွယ်ထားသည်။ ဂုတ်ထိပ်တံတားကို မြန်မာပြည်အစိုးရသည် အမေရိကန်နိုင်ငံ ပင်ဆီလဗေးနီးယားနှင့် မေရီလန် တံတား ဆောက်လုပ်ရေးကုမ္ပဏီအား ငှါးရမ်းကာ ဆောက်လုပ်စေသည်။ ဆောက်လုပ်၍ ကုန်ကျငွေမှာ ၁၆၉၈၂ဝဝ ကျပ် ဖြစ်သည်။
ထိုတံတားသည် နမ္မတူသတ္တုတွင်း တူးဖော်ရေးလုပ်ငန်း၏ သယ်ယူပို့ဆောင်ရေးတွင် အရေးပါလေသည်။ မြန်မာနိုင်ငံ စီးပွားရေးကိုလည်း များစွာ အထောက်အပံ့ပြုသည်။ ထိုအကြောင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်တို့၏ မြေလှန်စနစ်အရ ဂုတ်ထိပ်တံတားသည် ဖျက်ဆီးခြင်းခံရသည်။ သို့သော် သံတိုင်အမှတ် ၂ နှင့် ၅ သာ ပျက်စီးခဲ့သည်။ ထို့နောက်တစ်ဖန် မြန်မာနိုင်ငံမှ ဆုတ်ခွာပေးရသော ဂျပန်တို့သည် တံတား၏ အမြင့်ဆုံးတိုင်များ သံတိုင်အမှတ် ၉၊ ၁ဝ၊ ၁၁ နှင့် ၁၂ တို့ကို အောက်ခြေမှစ၍ ဗုံးဖောက်ခွဲကာ ဖျက်ဆီးခဲ့ပြန်သည်။ ထို့ကြောင့် သံတိုင်အမှတ် ၉ မှာ အနည်းငယ် ပျက်စီးသည်။ အမှတ် ၁ဝ နှင့် ၁၂ တို့မှာ ပြို၍လဲလေသည်။ အမှတ် ၁၁ မှာမူ အောက်ခြေပြတ်သော်လည်း မလဲချေ။ ထိုတိုင်များပေါ်ရှိ ပေပေါင်း ၁၂ဝ စီရှည်သော ပေါင်းကူးသံဘောင် ၄ ခုမှာမူ မြေသို့ လျှောကျရလေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်၌ ထိုတံတားကို နိုင်ငံခြားကုမ္ပဏီများ ငှားရမ်း၍ပြင်ရန် စီစဉ်ခဲ့သော်လည်း ထိုကုမ္ပဏီများက တင်ဒါတင်သွင်းသော အဖိုးနှုန်းမှာ ကြီးလေးလှသဖြင့် မြန်မာနိုင်ငံ မီးရထားဌာနကပင် ဦးစီး၍ ပြင်ဆင်ခဲ့လေသည်။ ယင်းသို့ ပြင်ဆင်သောလုပ်ငန်း ၁၉၄၈ ခု၊ မေလက စတင်ခဲ့သော်လည်း ပစ္စည်းရှားပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ၁၉၅၁ ခု၊ ဩဂုတ်လအတွင်း၌သာ ပြီးစီးခဲ့လေသည်။ ပြန်လည် ပြုပြင်တည်ဆောက်ရသည့် စရိတ်မှာ ၃၂ သိန်းခန့် ဖြစ်သည်။
ယင်းတံတားကို တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားလာသော တံတားဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင် ပါဝင်ခဲ့သည်။ ယနေ့တိုင်ထိ မြန်မာပြည်၏ အမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်း တံတား (မြင်းခုံတံတား) ဟု မှတ်ကျောက်တင်ဆဲ ဖြစ်သည်။
ကိုးကား Gokteik Viaduct မောင်ကြည်သန့် ရေး မြန်မာမြို့ရွာဒေသ ဝေါဟာရ(၂၀၀)...
Read moreThe Goteik Viaduct is a spectacular railway bridge located in Shan State, Myanmar. The bridge was built in 1901 by the Pennsylvania Steel Company and spans the deep and narrow valley of the Goteik River, providing a vital transportation link between Mandalay and Lashio.
The Goteik Viaduct is a true engineering marvel and is considered one of the world's most impressive railway bridges. The bridge stands at a height of 102 meters (335 feet) and spans a length of 689 meters (2,260 feet), making it the largest trestle in the world at the time of its construction.
Today, the Goteik Viaduct remains a popular tourist attraction and a thrilling experience for visitors to Myanmar. The train journey across the bridge offers stunning views of the surrounding mountains and valleys, as well as a glimpse into the daily lives of the locals who live in the area.
Despite its age, the Goteik Viaduct is still in use and continues to serve as a vital transportation link between Mandalay and Lashio. The bridge is a testament to the ingenuity and craftsmanship of its builders, and its beauty and historic significance make it a must-visit for anyone...
Read moreThis was definitely a great and much fun adventure the whole train travel and the viaduct as a special moment! Its a massive, 109 meter high structure with a very good engineering effort! Its scary for those who dont like heights, but its definitely not dangerous. These steel legs and structure will stand here for much longer i guess and serve the trains and the travellers. I travelled on ordinary class just to experience the local way, and it was much fun to meet Myanmar people as the only forigneir on their class haha. I even bought a piece of wood from a street seller which is the basic element of the tigerbalm if you smash it and mix it with water.
The view around the viaduct and the ride is really nice and when you passed - the way from Mandalay i mean - just right after the viaduct, pay attention in the valley, there is a...
Read more