အမရပူရ ပုထိုးတော်ကြီးသည် မန္တလေးမြို့တောင်ဘက်ရှိ အမရပူရမြို့ တောင်သမန်အင်း၏ မြောက်ဘက်၌ တည်ရှိသည်။ တောင်သမန်အင်း၏ အနောက်ဘက် ဦးပိန်တံတားထိပ်တွင် မျက်နှာတော်ကို မော်ဖူးရသည့် တောင်ကြီးပမာ ကြီးမားလှသည့် တောင်မင်းကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည်လည်း ကိန်းဝပ်တော်မူလျက်ရှိသည်။ ဘုရင်ဘကြီးတော်မင်းကြီးသည် ၁၈၈၁-ခုနှစ်၊ တန်ခူးလဆန်း (၅)ရက်နေ့တွင် ဘုရားရှင်၏ သရီရ ဓာတ်တော်များ၊ ရွှေစင်စစ်ဖြင့် သွန်းလုပ်ထားသော ရုပ်ပွားတော် များစွာတို့ကို ဌာပနာ၍ တည်ထားခဲ့ခြင်း ဖြစ်သည်။ မဟာဝိဇယရံသီ ပုထိုးတော်ကြီး ဘုရားဟုလည်း ခေါ်ဆိုကြသည်။ ပုထိုးတော်ကြီး၏ ဉာဏ်တော်မှာ သံတောင် ၁၂ဝ ရှိပြီး၊ သာယာဝတီမင်း၊ မင်းတုန်းမင်းတရားကြီးနှင့် မြို့သူမြို့သားများက အဆက်ဆက်ပြုပြင် ခဲ့ကြသည်။ စင်္ကြန် ၅ ဆင့် သည် ပုထိုးမြတ်စံရာ ထူပါအဆင့် ဖြစ်သည်။ စင်္ကြန် ဘုံ ပျံ ၅ တန်သော အဆင့်သည် ဇာတ်တော်ပြ ရုပ်လုံးရုပ်ကြွ ပုံဖြင့် ပြွမ်းလျှက် အနီးက သလင်း ကျောက်ချပ်ပေါ်တွင် ယင်းစေတီ ပုထိုးတည်ထားရကြောင်း ကျောက်ထွင်းကမ္ဗည်းများရှိသည်။
မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၈ရက်(ခရစ်နှစ် ၁၈၃၉ ခုနှစ် မတ်လ ၂၂ ရက်) သောကြာနေ့က ပြင်းထန်သော စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ရာတွင် မဟာဝိဇယရံသီပုထိုးတော်ကြီး၏ ထီးတော်မှာ ငလျင်ဒဏ်ကြောင့် မြေသို့ခခဲ့ရသည်။ ပုထိုးတော်ကြီးသည် ၃၄ နှစ်ကြာ ထီးတော်မဲ့ နေခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် မင်းတုန်းမင်းကြီးက အမြင့် ၁၃တောင် တစ်ထွာ၊ အဝ ကိုးတောင် နှစ်မိုက်ရှိသည့် ထီးတော်အသစ်ကို ပုပ္ပားဝန်အား ကြီးကြပ်တင်လှူစေခဲ့သည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။[၁]
မင်းတုန်းမင်းကြီး တင်လှူခဲ့သည့် ထီးတော်သည်လည်း မြန်မာသက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြောင့် မြေခခဲ့ရပြန်ကာ မဟာဝိဇယရံသီပုထိုးတော်ကြီးတွင် ထီးတော် ခုနစ်နှစ်ကြာမဲ့ နေခဲ့သည်။နောက်ထပ်ခုနှစ်နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၈၁ ခုနှစ်အရောက်တွင် အမရပူရမြို့သူ မြို့သား များက ထီးတော် အသစ်တင်လှူခဲ့ပြီး အဆိုပါ ထီးတော်သည်လည်း ၁၉၅၆ ခုနှစ် ဇူလိုင်လတွင် လှုပ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးခဲ့ကာ ပုထိုးတော်ကြီး၏ ချရားသီးမှ ကြာမှောက်အထိ ပြိုကျခဲ့ရရှာသည်။နောက်ပိုင်း ပုထိုးတော်ကြီး ထီးတော်အသစ်ကို ဗမာ့ခေတ် ဦးအုန်းခင်နှင့် ဇနီး ဒေါ်ခင်ခင်လေးတို့က ၁၉၅၉ ခုနှစ်တွင်တင်လှူခဲ့ရာ ထိုစဉ်ကထီးတော်တင်အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် တက်ရောက်ပြီး ထီးတော်ကြီးကို တင်လှူပူဇော်ခဲ့သည်။
ထိုသို့ တင်လှူခဲ့သည့် ထီးတော်ကြီးသည် နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ ယိုယွင်းလာ၍ အများပြည်သူ ကောင်းမှုဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၃ရက်တွင် ထီးတော်သစ်ကို ပူဇော်ခဲ့သည်။ သို့သော်လည်း အဆိုပါထီးတော်မှာ ၂၀၁၅ခုနှစ် မေလ ၈ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က တိုက်ခိုက်ခဲ့သော လေပြင်းကြောင့် ပုထိုးတော်ကြီး၏ စိန်ဖူးတော် မြေခခဲ့ပြီး ထီးတော်ကြီးလည်း ကျိုးပဲ့ ပျက်စီးသွားခဲ့ရသည်။[၂]ထီးတော်ကင်းမဲ့နေသည့် မန္တလေးမြို့၏ အထင်ကရ တောင်သမန်အင်း အနီးရှိ သမိုင်းဝင် မဟာဝိဇယရံသီ ပုထိုးတော်ကြီးဘုရားအား ငွေကြေး အခက်အခဲကြောင့် အသစ် တင်လှူ ပူဇော်နိုင်ခြင်းမရှိမှုကို [၃] ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ၁၉ ရက်အရောက်တွင်အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်နေသော Mandalay Business Capital City Development Ltd. မှ ကမကထပြု၍ မတည်ကာ အများပြည်သူခုနှစ်ရက်သားသမီးများနှင့် ပူးပေါင်းပြီး မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရား အထက်ဌာပနာ ထည့်သွင်းပူဇော်ခြင်း၊ ပန်းလည်တိုင် စိုက်ထူခြင်း ရွှေထီးတော်အသစ် ဘုံ ၉ ဆင့် တင်လှူခြင်း အခမ်းအနားဖြင့် သတ္တမအကြိမ်မြောက် ထီးတော်သစ် တင်လှူခြင်းအား...
Read moreA pagoda that is somewhat off the beaten track. Its white building is distinctive and best seen from the corners. When you finish your visit, make sure to walk out of the grounds of the temple and tour behind it. You will be rewarded with sights of local women weaving rattan mats. It will also give you a closer look at one of the poorer neighborhoods...
Read moreMahawizayayanthi Pahtoedawgyi Pagoda is a hidden gem, not one of the most visited pagodas, so you’ll likely have the place to yourself. Its stunning, bright white structure makes it stand out, creating a peaceful and almost surreal atmosphere. If you’re looking for a quiet spot away from the crowds, this beautiful pagoda is...
Read more