ရခိုင်ပြည်နယ်မှ မဟာမုနိဆင်းတုတော် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မဟာမုနိ ရုပ်ပွားတော် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ သ မိုင်း ဝင်ရုပ်ပွားတော် တစ်ဆူ ဖြစ်သည်။မဟာမုနိ ရုပ်ပွားတော်သည် အေဒီ ၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဘိုးတော် ဦးဝိုင်း သိမ်း ပိုက်ပြီးနောက် မန္တလေး အမရပူရသို့ ယူဆောင်သွားသော မဟာမုနိ ဘုရား ၏ နေရာတွင် ရခိုင်ပြည်သူများ အစား ထိုး ကိုးကွယ်ထားသည့် တန်ခိုး ကြီး မဟာမုနိ ရုပ်ပွားတော် ဖြစ်သည်ဟု ဆို သည်။ ရုပ်ပွားတော်သည် ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွား ဖြစ်သည်ဟု ရခိုင်လူမျိုးများက ယုံကြည်ကြသည်။ စန္ဒသူရိယ ဘုရင် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့စဉ်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်သည်ဟု ရိုးရာဓလေ့ ထုံးတမ်း စဉ်လာအရ ယုံ ကြည်ကြသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထိုင်တော်မူသော ဂေါတမဗုဒ္ဓသည် ထိုအ ကြောင်း အရာကို သိရှိလာသော ကြောင့် အာနန္ဒာအား ပြောပြလေသည် မှာ "ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသော ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်း တမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမ ဗုဒ္ဓ သည် ကောင်း ကင်ခရီးဖြင့် ကြွရောက် လာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ဤတွင် ဗုဒ္ဓ၏ ရှေးရှေးဘဝပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် ဗုဒ္ဓ၏ ဓာတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်"ဟု ဗျာဒိတ်တော်ပေးလေသည်။ ဤကဲ့သို့ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင် မဟာပထဝီမြေကြီးသည် တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာတို့သည် ရေနွေး အိုး ဆူသကဲ့သို့ ဆူပွက်လေသည်။ စန္ဒသူရိယဘုရင်မင်းမြတ် သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အ ကြောင်းကို ဘုရင်မင်းမြတ် သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေ အရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှူးမတ် တိုင်းသူ ပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင် (၇) ရက်ကြာ သီတင်းသုံးနေထိုင်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလေသည်။ မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀) တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓာတ်နှင့် ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်ကို သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါ အဝင် တိုင်းသူပြည်သားတို့ကတည်ထား ကိုးကွယ်ကြလေသည်။ ရုပ်ထုတော်အတွင်းပိုင်းသို့ ဂေါတမဗုဒ္ဓ၏ ရင်ငွေ့တော်ဓာတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့ဩကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ် ထွက်လာလေသည်။ မဟာပထဝီမြေ ကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမဗုဒ္ဓအား ကြိုဆိုသည့် အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမဗုဒ္ဓသည် သူ၏သာ၀က ဗုဒ္ဓရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားလေသည်။ ယင်းအချိန်အ တွင်း ဘုရင် စန္ဒသူရိယမင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပလေသည်။ ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရို သေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်ဟု အဆိုရှိလေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ ၏ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်ကျောက်ရုပ် ထုများထားရှိပြီး မကောင်းသော အကြံအ စည်ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွား တော် အနီးသို့ လာရောက်သူတို့အား အဝေးသို့...
Read moreHi-light: the temple on the hill where was the first shrine of the highly revered Mahamuni Buddha Image before being moved to Mandalay suburb nowadays, the temple itself is decorated with delicate wooden art, the museum nearly is worth to visit for a glimpse of the oldest capital of Rakhine, Dhanyawadi.
Location: * by the main road between Sittwe and Mrauk U, approximately 40 km. north of MraukU, but may take about an hour by bus.
Universal design: * the place is not for wheelchair person with high steep long stairway up to the main temple...
Read moreMahamuni Pagoda
info This temple is situated 5 miles (8km) to the south of the old Rakhine city of Kyauktaw and features a large plain shed supported by pillars decorated with glass mosaics.
A large seated Buddha Image was cast in 1890 in the Rakhine style with the royal costume common to many Rakhine style...
Read more