ပုဂံမြို့မင်းနန်သူမှလေးမျက်နှာဂူဘုရား စေတီပုထိုးအမှတ်=၄၄၇/၂၇၁ လေးမျက်နှာဂူဘုရားသည် ထီးလိုမင်းလိုမင်း(၁၂၁၁-၁၂၃၄) လက်ထက် ၁၂၂၃ ခုနှစ်တွင် အမတ်ကြီး အနန္တသူရမောင်နှံတို့ တည်ထားသော ကောင်းမှုကုသိုလ် ဖြစ်သည်။ မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသ၊ မင်းနန်သူရွာအနီးတွင် တည်ရှိသည်။
လေးမျက်နှာဘုရားကျောက်စာအကျဉ်း လေးမျက်နှာဘုရားတည်ဆောက်ရာ ပါဝင်သော ဌာပနာအသီးသီးကို မှတ်တမ်းတင်ထားပါကို အောက်ပါအတိုင်း တွေ့ရှိရသည်။
တန်တိုင်းတွင်းနှိုက်ကား ကလသာအိုး အယောင်နှင့်တူသော တင့်တယ်စွာသော စင်္ကြံထက်ဂူလေးတည်၏။ ဂူထာပနသော အခါနှိုက်ကား သရီရ ဓာတ်တော် ထည့်သော စန္ဒကူးကြုတ်။ ထိုအပကား ဖန်ပြုသောကြုတ်။ ထိုအပကား စန္ဒကူးနီပြုသော ကြုတ်။ ထိုအပကာ ရွှေပြုသော။ ထိုအပကား ငွေပြုသော။ ထိုအပကား ရွှေမူရွေ့ရတနာတိ အမျက်ခတ်သော။ ထိုအပကား ဆင်စွယ်ပြုသော။ ထိုအပကား ကြေးနီပြုသော။ ထိုအပကား ကျောက်ပြုသောပုထိုး။ ထိုတွင် ထည့်ပါသော ရွှေစမခန်၊ ငွေစမခန်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ရွှေတန်ဆောင်၊ ငွေတန်ဆောင်တို့ဖြင့် ပူဇော်ရွေ့ထည့်လိုက်၏။ ကျောက်ပုထိုးကိုကား ဆေးရေးရွေ့ ကြေးခြည်နှင့် ခက်၏။ အထွက်ကား ရွှေထွတ်ပြု၏။ အထွတ်ထက်ကား ရွှေထီးဆောက်၏။ ရွှေထီးကိုကား ပုလဲသန္တာဆွဲ၏။
စသည်ဖြင့် လေးမျက်နှာဘုရား တည်ဆောက်ရာ ဌာပနာပုံအသေးစိတ်ကို တွေ့ရသည်။ အနန္တသူရ မောင်နှံတို့သည် "အတို့စကြဝဠာစသော အတိုင်းမသိသော စကြဝဠာနှိုက်နေသော လူနတ်သတ္တဝါခပ်သိမ်း တို့အကြွင်းမဲ့သဖြင့် သံသရာဆင်းရဲမှ လွတ်မြောက်ခဲ့၍ ဆင်းရဲမဲ့သော နိဗ္ဗာန်ပြည်သို့ ရောက်စေချင်သော ကြောင့် ငါလည်း သိစပ်မြင်နှံ့သော သဗ္ဗညုတဉာဏ် ဘုရားဆုကို လိုချင်သောကြောင့်" ဤလေးမျက်နှာ ဘုရားတည်ကြောင်း ဆုတောင်းသည်ကို တွေ့ရသည်။
ဗိသုကာလက်ရာများ ဤလေးမျက်နှာဂူဘုရားအတွင်း၌ ဘုရားဆင်းတု လေးဆူ တည်ထားသည်။ ဂူအရံ၌လည်း ဘုရားဆင်းတုများ တည်ထားသည်။ ငါးရာ့ငါးဆယ် ဇာတ်လည်း အတင့်အတယ်ရေးသည်။
လေးမျက်နှာဘုရားသည် အရှေ့မုခ်ပြု ဂူဘုရားဖြစ်သည်။ အုတ်တံတိုင်းနှစ်ထပ်ရံ၍ အုတ်ခုံအမြင့်ပေါ်၌ ဂူဘုရားတည်ထားသည်။ ပန္နက်သည် စတုရန်းပုံဖြစ်၍ မုခ်လေးမျက်နှာ ရှိသည်။ အရှေ့ဘက်မုခ်သည် အဓိကဝင်ပေါက်ဖြစ်သည်။ အထက်၌ ပစ္စယာများ၊ ထောင့်များတွင် စေတီငယ်များ၊ ကွမ်းတောင်အထွတ်၌ ထီးတပ်ဆင်ထားသည်။
ဂူအတွင်းနံရံပေါင်းကူးတို့တွင် ဆေးရေးပန်းချီများ မင်စာများ ရှိသည်။ ခပ်များများမှာ ထုံးသုတ်ပစ်ခြင်းကြောင့် ပျက်ဆီးသွားသည်။ ဗုဒ္ဓဝင်ဆိုင်ရာ လက်ရာများမှာ အလွန်ကောင်းမွန်၍ နှမြောဖွယ်ဖြစ်သည်။ လေးမျက်နှာဘုရား ပတ်ဝန်းကျင်၌ ပုဂံခေတ် အုတ်ကျောင်းကြီးများ၊ ဓမ္မသာအုတ်ဇရပ်များ၊ လေးထောင့်ရေကန်၊ ရေတွင်းများကို...
Read moreCool temple, certainly different than most of the other temples in the area as it is white instead of brick colored. Worth a visit, and can easily be combined with Winido Temple, Iza Gawna Pagoda, Narathihapatae, Thambula, and a host of other great and criminally overlooked temples that can be found on the same road. The ground at this place gets insanely hot and there are no carpets, light colored stones, or shade to regulate the temperature, so if you go later in the afternoon you might not make it too far inside before turning around in agony as...
Read moreUnusual as being white-washed and having only a single-storeyed- structure. Its names after its builder who was a minister at the court of King Htilominlo in 1223. It’s alternately known as the Temple of Four Faces with porches protruding from all four sides. I'm intrigued about the area with a matrix of stone foundations that is "Off limits to the ladies" (see photo below)?? . Some relatively well preserved...
Read more