ဓမ္မရံကြီးဘုရားသမိုင်း ဓမ္မရံကြီးဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှ ဂူဘုရားထဲတွင် ထုထည် အကြီးမားဆုံး ဘုရားတစ်ဆူဖြစ်သည်။ နရသူသည် အလောင်းစည်သူမင်းကြီး၏ သားတော်ငယ်ဖြစ်သည်။ ထု-ဓမ္မရံ၊ ဥာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံ ဘုရားကြီးသည် ဓမ္မရံကြီးဘုရားသည် ပုဂံဒေသတွင် ထုထည် အကြီးဆုံး ရှေးဟောင်း ဘုရားတစ်ဆူ ဖြစ်သည်။ ရည်ရွယ်ချက် နရသူသည် ခမည်းတော် အလောင်းစည်သူမင်းကြီးအား ရွှေဂူကြီးဘုရားအတွင်းသို့ သွင်းကာ စောင်၊ ခေါင်းအုံး တို့ဖြင့် ဖိညှပ်သတ်ဖြတ်လိုက်သည်။ နရသူသည် ဖခင်အရင်းဖြစ်သူအား လုပ်ကြံ သတ်ဖြတ်သည်သာမက ပုဂံပြည်၏ သာသနာ ဂိုဏ်းချုပ်ကြီး အရှင် ပံ့သကူမထေရ်အား လိမ်လည်လှည့်ဖြား အကာအကွယ်ယူပြီးလျှင် နောင်တော်ကြီး မင်းရှင်စောအား နံနက်တွင် ဘိသိက်သွန်း မင်းတင်မြှောက်ပြီး ညပွဲတော်စာတွင် အဆိပ်ခတ်၍ လုပ်ကြံသတ်ဖြတ်ကာ ပုဂံပြည်ထီးနန်းအား အဓမ္မ သိမ်းပိုက်ခြင်း ပြုခဲ့သည်။ သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်သည် ယင်းအပြုအမူအား ကန့်ကွက်ရှုံ့ချသည့် အနေဖြင့် ပုဂံပြည်တွင် ဆက်လက်မနေတော့ပဲ သီဟိုဠ်သို့ ထွက်ခွာသွားလေသည်။ ရဟန်းရှင်လူ ပုဂံပြည်သူများသည် နရသူအား မုန်းတီးရွံရှာကြလေသည်။ ပုဂံသူပုဂံသားများသည် ဤမျှရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ် စဉ်းလဲသည့် နရသူဘုရင်အား မနှစ်မြို့၍ ရှောင်ကွင်းကြသည်။ ထို့ကြောင့်နရသူသည် ဖခင်အလောင်းစည်သူမင်းနှင့် အစ်ကိုမင်းရှင်စောတို့အား သတ်မိသည့် အတွက် နောင်တရပြီး ထိုမကောင်းမှု ပြေပျောက် စေရန်ဟူသော အဖြစ်ကို ပုဂံသူပုဂံသား တို့အားပြသ နိုင်စေရန် ရည်ရွယ်၍ ဓမ္မရံကြီး ဘုရားကို တည်ခဲ့ခြင်း ဖြစ်သည်။ အမည်ခေါ်တွင်ပုံ ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ နရပတိစည်သူ လက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ၀င်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံး ခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရားဟု ခေါ်ခဲ့ကြရာမှ ကာလကြာသော် ဓမ္မရံကြီး ဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟု ဆိုသည်။ နောက်အဆိုတစ်ခုအရ နရသူသည် ဝေသာလီပြည်မှ ဆက်သည့် ကုလားမင်းသမီးကို သတ်သောကြောင့် ကုလားပြည်မှ ဟူးရားဆရာ ရှစ်ယောက်လာ၍ မင်းကြီးအား ဘိသိက်မြှောက်ပေးမည် ဟုဆိုကာ သန်လျက် (ဓားမြှောင်)များနှင့် ထိုးသတ်သောကြောင့် နတ်ရွာစံလေသည်။ ထိုးသို့ လုပ်ကြံရာတွင် ကိုယ်ရံတော်များမှ ဓါးမရံပေးထားသဖြင့် လုပ်ကြံခံရခြင်းကို အစွဲပြုကာ ဓါးမရံ မှ ဓမရံ ထိုမှတဆင့် ဓမ္မရံသို့ ပြောင်းလဲ အမည်တွင်ခဲ့ သည်ဟု အဆိုရှိသည်။ တည်ဆောက်ပုံ ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့် မစိမီ ဓားဖြင့် ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များ ညှပ်စီ၍ စီထားသည် ဘုရား၏ နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ၊ နံရံနှစ်ခုတွဲ ဆက်နေစေရန် ထောင့်ချုပ် ပေါင်းကူးများဖြင့် ခိုင်မာအောင် ပြုလုပ်ထားသည်။ (ထိုသို့ ပြုလုပ် တည်ဆောက် ထားသောကြောင့် ငလျင်ဒဏ် အကြိမ်ကြိမ် ခံရသော်လည်း ထိခိုက် ပျက်စီးမှု နည်းပါးခဲ့ခြင်း ဖြစ်သည်။) ဓမ္မရံကြီး ဘုရား၏ အုတ်စီလက်ရာသည်ကောင်းမွန်သည့်အတွက် အုတ်တစ်ချပ်နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာသည်ဟု ပြောစမှတ် ပြုကြရသည်။ ဘုရားတည်ရာတွင် နရသူမင်း ကိုယ်တိုင် ကြီးကြပ် စစ်ဆေးပြီး အလုပ်တာ၀န် ပေါ့လျော့လျှင် အပြစ်ပေးသည့်အတွက် ပန်းရံ၊ ဗိသုကာပညာရှင်တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရ၍ ဘုရားတည်၍ မပြီးနိုင်ဟု အဆိုရှိသည်။ ဓမ္မရံကြီး ဘုရားအလယ်မဏ္ဍိုင် ပတ်လည်၌ စင်္ကြပတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြ ပတ်လမ်း တစ်ခုလုံး နှင့် အပြင်စင်္ကြပတ်လမ်း အတွင်းမှ အတွင်း စင်္ကြသို့ ၀င်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားသည်။ အောက်ခြေ ပန္နက်ပုံစံမှာ အာနန္ဒာဘုရားနှင့်တူသည်။ သို့သော် အာနန္ဒာဘုရားလို အောက်ခြေဖောင်ဒေးရှင်ကို နက်နက်တူးထားခြင်းမျိုးမဟုတ်ဘဲ ပန္နက်အခြေ ၄ပေကျော် ၅ ပေခန့်သာ တူးထားသဖြင့် အလွန်ကြီးမားသည့် ကျောက်တုံးကြီးကို မြေကြီးပေါ်တင် ထားသည်နှင့် တူသည်ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ထုထည် အင်မတန်ကြီးသည့်အတွက် ဓမ္မရံကြီးဘုရားသည် နှစ်တွေကြာရှည်ခဲ့တဲ့ တိုင်အောင် အထက်စေတီနဲ့ အထွတ်ပဲ ပျက်စီးပြီး အတွင်းပိုင်းမှာ နဂိုအတိုင်းတည်ရှိသဖြင့် ပုဂံခေတ်လက်ရာကို လေ့လာနိုင်သည်။ ဘုရားတည်နေရာ မင်းနန်သူရွာသွားသည့် ကားလမ်းဘေးတွင်ရှိသည်။ ဂူဘုရားအမှတ်...
Read moreSo visitors are forbidden climbing the temples of Bagan — maybe the next step is forbidding locals from selling souvenirs inside the temples! For despite its long history and massive size, this was the least enjoyable temple to visit. Very, but very badly kept, full of pigeon sh*t everywhere (remember one has to thread barefoot). But worst of all is that the altar halls and corridors are littered with displays of souvenirs, and dozens of locals going around harassing visitors to buy their cheap stuff. In this sense, Myanmar reminds one of India — where Western tourists are taken for ATMs from which the populace can withdraw money. Several polite NOs won’t drive them away — so that one either chases them away like dogs, or adopts one native individual as one’s babbling shadow, hoping this shall keep the others away. So tiresome, really. The famed/infamous twin Bhuddhas are just two ugly, dusty and faded statues that an untalented artist could not decide which to place. With plenty of temples to visit around Bagan, though turning impressive and beautiful in pictures, this one is the least atmospheric — also the least respected by locals, it seems, who have turned its rooms into a cheap...
Read moreDhammayangyi Temple (ဓမ္မရံကြီးဘုရား) is the largest temple in Bagan with the height of 77.7m that clearly visible from all Bagan city.
The temple was built in 1170 in the reign of King Narathu (that had been said he became a king by assassinated his father Alaungsithu and his elder brother, presumably built the massive temple to atone a sins and avoid bad karma)
The construction of Dhammayangyi Patho was built similarly to Ananda Temple and Egyptian pyramid, with a wide square single story, topped with six pyramidal terraces.
The temple was not fully completed as the king himself was murdered by one of his wives ; the Indian princess
The unmissable destination that will definitely worth your visit during Bagan Tour with the finest bricks work, the ground that was surrounded by a hugh arched gates, the unsolved mystery as some parts of the temple was built with unknown reason that still mysterious until these days such as the bricked up on...
Read more