(Single Room) သည် ယခုအခါတွင် ဟိုတယ်များ၌ မထားသလောက် ဖြစ်သည်။ လူဦးရေပေါ်မူတည်၍ စျေးနှုန်းသတ်မှတ်သည်ဖြစ်၍ မကြာခဏ ဧည့်သည်နှင့် အထင်လွဲမှားမှုများ ဖြစ်ရသောကြောင့် တစ်ယောက်နေသည်ဖြစ်စေ၊ နှစ်ယောက်နေသည်ဖြစ်စေ စျေးနှုန်းတစ်မျိုးသာ သတ်မှတ်လိုက်သည်။ ထို့ကြောင့် ဟိုတယ်များတွင် နှစ်ယောက်ခန်းနှင့် နှစ်ယောက်အထက် အခန်းများသာ ထားရှိတော့သည်ဟု ယူဆမိပါသည်။
(Twin Room) သည် ကုတင်နှစ်လုံးပါသည့် နှစ်ယောက်ခန်းဖြစ်ပါသည်။ ဧည့်သည်မှ (Double Bed Room) ဟု မှားယွင်းတောင်းဆိုတတ်သည့် အခန်းဖြစ်သည်။ သေချာမေးမြန်း ကြည့်သည့် အခါမှာတော့ အမျိုးသားနှစ်ယောက် သို့မဟုတ် အမျိုးသမီးနှစ်ယောက်ဖြစ်နေတတ်သည်။ (တချို့တွေကတော့ အသေအချာပင် နှစ်ယောက်အိပ်ကုတင်ပါသည့် အခန်းကို တောင်းဆိုခြင်းဖြစ် သည်။) ဧည့်သည်တောင်းဆိုလိုသည်မှာ ကုတင်နှစ်လုံးပါအခန်းဖြစ်သည်။ အမှန်တကယ် (Double Bed) တောင်းဆိုသော်လည်း မရနိုင်သည့် အခါများတွင် ကုတင်ပူးပေးရခြင်းများလည်း ရှိပါသည်။ အိပ်ယာနှစ်ခုပူးထားပါက (Hollywood Twin) ဟုခေါ်၍ ကြားတွင် (Site Table) ခြားထားပါက (Twin-apart) ဟု ခေါ်ဆိုကြောင်း ဖတ်မှတ်ခဲ့ဖူးပါသည်။
(Double Room) မှာ နှစ်ယောက်အိပ်ကုတင်တစ်လုံးသာပါသည့် အခန်းဖြစ်သည်။ (King Size/ Queen Size Bed) စသည်ဖြင့် ခွဲထားသော်လည်း ဟိုတယ်အများစုတွင် (King Size Bed) ကိုသာ အများဆုံးအသုံးပြုကြသည်။ အထူးသဖြင့် (King Size Bed) ကို (Couple)များ၊ ကလေးငယ် ပါသည့် ဧည့်သည်များမှ တောင်းဆိုတတ်ကြသည်။
(Studio Room) မှာ နေ့ခင်းဘက်တွင် ဧည့်ခန်းအဖြစ်အသုံးပြု၍ ညဘက်တွင် အိပ်ခန်းအဖြစ် သုံးနိုင် သည့် အခန်းဖြစ်သည်။
(Handicapped Room) မှာ မသန်စွမ်းသူတို့တည်းခိုရာတွင် အဆင်ပြေစေရန်အတွက် သီးသန့် ပြင်ဆင် အခန်းဖွဲ့ထားခြင်း ဖြစ်သည်။
(Sample Room) မှာ နမူနာပြသရန် ပြင်ဆင်ထားသည့်အခန်းဖြစ်သည်။ (Agent)မှ ဖြစ်စေ၊ (Customer)များမှဖြစ်စေ (Inspection) လုပ်နိုင်ရန်အတွက် အသင့်ပြင်ထားခြင်း ဖြစ်သည်။
(Connecting Room) မှာ အခန်းနှစ်ခုကို ဟိုဘက်ဒီဘက်ကူးနိုင်သည့် တံခါးတစ်ချပ်ဖြင့် ဆက်သွယ် ထားသည့် အခန်းဖြစ်သည်။
(Adjoining Room) မှာ ဘေးချင်းကပ်လျက် အခန်းဖြစ်၍ (Adjacent Room) မှာ အနီးအနား အခန်းကို တောင်းဆိုခြင်းဖြစ်သည်။
(Ground Floor or Top Floor Room) ကိုလည်း ဧည့်သည်များမှ (Request) လုပ်တတ် ကြသည်။ တချို့က ရှုခင်းကြည့်လို၊ အသံတိတ်ဆိတ်လိုသဖြင့် တောင်းဆိုတတ်သည်။ (Ground Floor) နှင့် (First Floor) ကိုလည်း မှားတတ်ကြသေးသည်။ (American) တို့က (Ground Floor) နှင့် (First Floor) အတူတူပင် ဖြစ်သည်။ (British) တို့က (First Floor) ကို (Ground Floor) အထက်ထပ်မှ စ၍ ရေတွက်ခြင်း ဖြစ်သည်။ (British) တို့က စနစ်ကျခြင်းကို အခြေခံသည်။ (American) တို့က လွတ်လပ်လွယ်ကူခြင်းကို ပိုနှစ်သက်သည်။ ထို့ကြောင့် စကားလုံးအသုံးအနှုန်း၊ အသံထွက်များတွင် (American) တို့က အများအားဖြင့် ပိုတို၊ ပိုလွယ်နေတတ်ပါသည်။
(Capsule Room) မှာ (Capsule Hotel) များတွင်သာ ထားရှိသည့် အခန်းအမျိုးအစား ဖြစ်သည်။ (Capsule Hotel) ကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင်(၁၉၇၉) ခုနှစ်မှ စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးတွေမှာ မြင်တွေ့နေရပြီ ဖြစ်သည်။ သို့သော် (Capsule Hotel) များသည် ယခုချိန်ထိတိုင် ဂျပန်နိုင်ငံတွင် ခေတ်စားဆဲ၊ များပြားဆဲ...
Read moreI stayed in this small motel in Mandalay for a total of 4 nights for my Water Festival Holiday, Since I was travelling alone, they gave me a single room which cost 18,000 MMK Per Night and it was truly worth it. They don't provide breakfast but other in-room facilities such as Free Wi-Fi, Minibar, Hairdryer and A/C are provided as the other 3* Hotels in Mandalay. The motel itself is centrally located, helpful staffs and they always help me whatever I need. If you are travelling to Mandalay with a limited budget, I strongly recommend staying...
Read moreGreat Place . Easy to hangout for...
Read more