"အမှားကင်းစင်သောမြို့” မြို့တစ်မြို့သို့ ကျနော်ရောက်သွားချိန်မှာ ထူးဆန်းမှုများစွာကို တွေ့မြင်ခဲ့ရသည်။ လမ်းတစ်လျောက်မှာ သတိပေးဆိုင်းဘုတ်များ အပြည့်ကပ်ထားသည်။ "သတိ… ချော်မလဲရ”တဲ့။ နောက်ဆိုင်းဘုတ်တစ်ခုကို ဖတ်ကြည့်ပြန်တော့ "ချော်လဲခြင်း၏ ဆိုးကျိုးများ”ဆိုပြီး အချက်ပေါင်းများစွာရေးထားသည်။ ဒီမြို့လေးရဲ့ နာမည်ကတော့ "အမှားကင်းစင်သောမြို့”
မြို့ကို အကဲခတ်ကြည့်တော့ လမ်းလျှောက်သူ အင်မတန်နည်းလှသည်။အများစုက ထိုင်လျက်သား။တချို့က မတ်တပ်ရပ်လျက်ဖြင့်။ အနည်းငယ်သောလူတို့သာ လမ်းလျှောက်နေကြသည်။လမ်းလျှောက်နေသူများကို ကျနော် သတိထားကြည့်မိသည်။သူတို့ရဲ့ မျက်နှာမှာ ခြေတစ်လှမ်း လှမ်းတိုင်း စိုးရိမ်ကြောက်လန့်စွာနဲ့။ခြေတစ်လှမ်းနဲ့တစ်လှမ်းကို အင်မတန်ဖြည်းညင်းစွာလှမ်းနေသလို အင်မတန်လေးလံစွာ လှမ်းနေကြလေရဲ့။သူတို့ရဲ့သွားနှုန်းက ဘယ်လောက်နှေးသလဲဆိုရင် ကျတော် ဝမ်းလျားထိုး ပြီးတွားသွားရင်တောင် သူတို့ထက်မြန်လောက်သည်။ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းတဲ့မြို့လဲ။
လမ်းလျှောက်နေသူများကို စိတ်ဝင်တစားကြည့်ပြီး နောက် လမ်းမလျှောက်ကြသူများကိုလည်း ကျနော် ငေးကြည့်မိသည်။ လမ်းမလျှောက်ကြသူတို့သည် တစ်ကိုယ်လုံးငြိမ်သက်လျက်ရှိပြီး မျက်လုံးတွေကသာ တစ်နေရာကို စူးစိုက်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများကို မြင်ခိုက်မှာ ကျနော် ထိတ်လန့်ရွံရှာသွားမိပါရဲ့။ ဘယ်လိုမျက်လုံးကြီးတွေလဲ။ ဘယ်လို အကြည့်ကြီးတွေလဲ။ သူတို့မျက်လုံးထဲမှာ မနာလိုခြင်းတွေရှိသည်။ ဝန်တိုခြင်းတွေရှိတယ်။အပြစ်ရှာခြင်းတွေရှိသည်။ အထင်သေးခြင်းတွေရှိသည်။ အဲ့လိုမျက်လုံးတွေနဲ့ ဘယ်အရာကို စိုက်ကြည့်နေကြပါသလဲ။
အဲ့ဒိမျက်လုံးတွေဟာ လေးညို့ဆွဲထားတဲ့ မြှားတစ်စင်းလို လမ်းလျှောက်နေသူများကို ချိန်ရွယ်ထားကြသည်။ဒီအကြည့်ဒဏ်တွေကြောင့်လည်း လမ်းလျှောက်နေသူများမှာ ချိတုံချတုံဖြစ်နေကြသည်။အနည်းစုသာ အားတင်းလျှောက်လှမ်းနေကြပြီး အများစုကတော့ ယုံကြည်မှုနည်းပါးစွာနဲ့ ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်ကြသည်။ ထိုစဉ် အနည်းငယ်သော လမ်းလျှောက်နေသူများထဲမှ တစ်ယောက်သောသူသည် လမ်းလျှောက်နေရင်း ရုတ်တရက် ခလုတ်တိုက် လဲကျသွားသည်။
ကျနော့်အတွက်တော့ လမ်းလျှောက်ရင်း ခလုတ်တိုက်လဲတာကို ထူးဆန်းသည်မထင်မိ။ သို့သော် ဒီမှာတော့ လူတစ်ယောက်လဲကျခြင်းဟာ တစ်မြို့လုံးကို ဆူပူသွားစေတော့သည်။ လက်ထဲမှာပါသော ဖုန်းကင်မရာများဖြင့် ချော်လဲကျသူကို ဓာတ်ပုံဝိုင်းရိုက်ကြသည်။ တချို့က လက်ညှိုးငေါက်ငေါက်ထိုးပြီး ဝိုင်းဆဲကြသည်။တချို့က တွေ့ရာပစ္စည်းတို့ဖြင့် ဝိုင်းပေါက်ကြသည်။ချော်လဲသူကို ကျနော်ကြည့်မိတော့ သူကလည်း ထဖို့စိတ်ကူးရှိဟန်မတူ။ ချုံးပွဲချပြီး ငိုနေရှာသည်။ "ရှက်တတ်ရင် ကိုယ့်ကိုယ်ကို သတ်သေပစ်။ မင်းကြောင့် မြို့သိက္ခာကျတယ်။ ငါတို့မြို့မှာ ချော်မလဲတာ နှစ်ချီနေပြီကွ။ ရှက်တတ်ရင် ကိုယ့်ကိုယ်ကို သတ်သေပစ်စမ်း”
ကျနော့်ဘေးက လူတစ်ယောက်က ချော်လဲကျသူကို သတ်သေဖို့ တိုက်တွန်းသံကြားတော့ ကျနော်အကြီးအကျယ် အံံ့သြသွားမိသည်။ ထိုစဉ်တွင် မြို့လယ်ခေါင်ရှိ အကြီးစား LED screenပေါ်တွင် အင်မတန် ဆူဖြိုးဝအစ်နေသော လူဝကြီးတစ်ယောက်၏မျက်နှာ ပေါ်လာလေသည်။ "ကျနော် မြို့တော်ဝန် ဦးဆန်းဝင်း ကြေငြာချက်တစ်ခုထုတ်ပြန်ပါမယ်။မကြာသေးခင်အချိန်က လူတစ်ယောက်ဟာ အရှက်တရားမဲ့စွာ ချော်လဲခဲ့တယ်လို့ ကျနော်ကြားသိရပါတယ်။ ကျနော့်ဂုဏ်သိက္ခာ၊မြို့ရဲ့ဂုဏ်သိက္ခာ အင်မတန် ကျဆင်းခဲ့ရပါပြီ။ ချော်လဲတာမကောင်းကြောင်းကို ကျနော် အကြိမ်ကြိမ်သတိပေးခဲ့တယ်။ချော်မလဲရအမိန့်ကိုလည်း ကျနော်ထုတ်ပြန်ခဲ့ပြီးပါပြီ။ အခုလည်း ချော်လဲထားတဲ့ လူ့တိရိစ္ဆာန်ကို ပြင်းထန်ှတဲ့အရေးယူမှု လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ကြည့်နေကြသောမြို့သားများမှ မြို့ဝန်၏ ကြေငြာချက်ကို လက်ခုပ်တဖြောင်းဖြောင်းတီးပြီး အားပေးကြသည်။ မြို့ဝန်လူဝကြီးက သူ၏မိန့်ခွန်းကို ဆက်ပြောသည်။
"မြို့သူမြို့သားများခင်ဗျာ… ချော်လဲတယ်ဆိုတာ အင်မတန်ရှက်ဖို့ကောင်းပါတယ်။ ကျနော်ဆိုရင် တစ်သက်လုံးမှာ တစ်ခါတောင် ချော်မလဲခဲ့ဘူး။အဲ့ဒါကျနော့်ရဲ့ စောင့်ထိန်းခြင်းပဲ။မြို့သူမြို့သားများကိုလည်း ကျနော့်လို အမှားကင်စင်သူဖြစ်ဖို့ အမုန်းခံတိုက်တွန်းနေရခြင်းဖြစ်ပါတယ်။”
Screenပေါ်မှ လူဝကြီးပျောက်ကွယ်သွားပြီ။ ထိုလူဝကြီးအတွက် တီးပေးသော လက်ခုပ်သံများလည်း တိတ်ဆိတ်သွားပြီ။ ချော်လဲထားသူသည်လည်း အသက်ဝိဥာဉ်ကင်းမဲ့သွားခဲ့ပြီ။ ထိုသူ၏ ဝဲဘက်ရင်အုံမှာ ဓားတစ်ချောင်း စိုက်ဝင်နေသည်။ဓားရိုးကိုမူ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ သူ့ကိုသူ ထိုးသွင်းလိုက်ဟန်တူသည်။ ကျနော် ပတ်ဝန်းကျင်ကို တဖန်ပြန်ကြည့်လိုက်ချိန်မှာတော့ လမ်းလျှောက်နေသူ တစ်ယောက်မျှမရှိတော့ပါ။ အားလုံးဟာ ရောက်ရာနေရာမှာ ရပ်တန့်နေကြသည်လေ။
မြို့သားတွေရဲ့မျက်လုံးကို ကျနော်သေချာထပ်ကြည့်မိသည်။ဘာဆိုဘာမှ မလုပ်ရဲအောင် ယုံကြည်ချက်မဲ့နေသည့် မျက်လုံးများ။ ဘယ်သူတွေများမှားမလဲဆိုပြီး အပြစ်ရှာကြည့်တတ်သည့်မျက်လုံးများ။ အားငယ်စိတ်ပျက်ဖွယ်။ရွံရှာထိတ်လန့်ဖွယ်။
ဒီမြို့မှာ ဘယ်သူမှလည်း ချော်လဲကြတော့မည်မဟုတ်သလို ဘယ်သူမှလည်းလမ်းလျှောက်ကြတော့မည် မဟုတ်။ဒါဟာ...
Read more“WAITED 1 HOUR!”
Went to this restaurant on 22/11/2020 after reading various of great reviews. I was so dissatisfied with my experience. Reached the shop at 17.24, waited for the tables to be cleaned and sat and ordered, there were 2 tables before mine waiting for food. Afterwards came three more tables. Almost half an hour passed, I realized that a table which came after mine got his food and is already started eating. I told the staff that we haven’t got our food yet and that we came before the other table, not only he not give a second though and check the que, he told us the food is in process and we are in que. 18.30 the rest of the table after mine got all their food. My table is still empty, not even a drink. Frustrated and hungry, I told the staff that i have been waiting for almost an hour and that i came in here 17.24 what’s going on. The staff then went to the kitchen and rushed back to say that the que was missed and we have to wait 10 more mins. Without much choice (as i have smt going on afterwards), we waited for the food and it came in 10 mins as he said. Wasn’t satisfied with the food too tho, after waiting an hour, see the picture my “rice with bbq lamb” which cost 1 hour and 350 baht. Not coming back by any chance. Btw, while i was eating, no...
Read moreLooking for one of the most authentic Pakistani restaurant? Khan Restaurant Bangkok is the place for you!
Like the busy streets and alley ways of Pakistan, the way to get to Khan os a bit of a journey in itself, but once you arrive (and if its your first time here) one of you have to jump out and ask for directions to the parking-lot amongst the chaos of a one street lane. One of the staff will then hop on the motorbike and designate you to the parking-lot a few 100m away.
Once you are settled, the staff comes with the menu, which offers a diverse array of classic Indian/Pakistani foods, such as Butter Chicken, Biryani, Hummus, and Palak Paneer, so we got a few different options as shown in the pictures.
All foods really do taste homemade and amazing, all curries packed a good flavour punch, while the rotis were crunchy on the outside, while retaining its chewiness. As I don't personally have a high spicy tolerance, I had to order a mango lassi to wash everything down and to get a rest of sweetness from the intense flavours.
High recommend for all...
Read more